ဧပြီ ၂၇၊ ၂၀၁၇
M-Media
– ကမ္ဘာအကြီးမားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းဖြစ်နေသည့် ယီမင်အငတ်ဘေးအတွက် ကန်ဒေါ်လာ ၁.၁ ဘီလီယံ ကူညီရန် ကမ္ဘာ့နိုင်ငံများက ကတိပြုခဲ့သည်ဟု ကုလက ပြောကြားလိုက်သည်။
ယီမင်နိုင်ငံမှာ အငတ်ဘေး ဆိုက်ရောက်မည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ကုလက ပြောဆိုထားပြီး ရန်ပုံငွေ ကန်ဒေါ်လာ ၂.၁ ဘီလီယံ တောင်းဆိုထားသည်။
အရှေ့အလယ်ပိုင်းတွင် အဆင်းရဲဆုံး နိုင်ငံဖြစ်သည့် ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့နှင့် ဟူသီသူပုန်များအကြား ဖြစ်ပွားသော စစ်ပွဲကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။
အင်္ဂါနေ့တွင် ဂျီနီဗာ၌ပြုလုပ်သည့် ညီလာခံ၌ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတီယာရက်စ်က အဆိုပါညီလာခံမှာ ထူးခြားသည့် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းမှ လှူဒါန်းငွေများကို ယီမင်ပြည်သူများအတွက် ထိရောက်သည့် ထောက်ပံ့မှုအဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထပ်မံလိုအပ်နေသည့် ကန်ဒေါ်လာ ၁ ဘီလီယံမှာ မကြာမီ ပြည့်သွားမည်ဟု မျှော်လင့်ကြောင်း ကုလက ထည့်သွင်းပြောကြားခဲ့သည်။
ယီမင်ပြည်သူ ၂၅.၆ သန်းမှာ စားနပ်ရိက္ခာ ပြဿနာနှင့် ရင်ဆိုင်နေရပြီး ၁၉ သန်းမှာ အကူအညီ အလျင်အမြန်လိုအပ်နေသည်။ ၇ သန်းမှာမူ စားနပ်ရိက္ခာ မလုံလောက်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေကာ ချက်ခြင်း ကူညီထောက်ပံ့ရန် လိုအပ်နေသည်ဟု ကုလက ပြောကြထားသည်။ ကလေးငယ် ၂ သန်းမှာမှု အဟာရချို့တဲ့မှု ဆို
းဆိုးဝါးဝါး ဖြစ်ပေါ်နေသည်။
Ref: BBC