6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၈၊ ၂၀၁၇
M-Meida

– မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်၊ ကိုတာ တင်ဂီးရှိ ဘာသာရေးစာသင်ကျောင်း၌ အဆောင်မှူး၏ ပြင်းပြင်း ထန်ထန် ရိုက်နှက် နှိပ်စက်မှုကို ခံရသည့် အသက် ၁၁ နှစ်အရွယ် ကျောင်းသား မိုဟာမက် သာကစ်ဖ် အေမင် မိုဟာမက် ဂါဒါဖီမှာ ယမန်နေ့က ကွယ်လွန်သေဆုံးသွားခဲ့သည်ဟု သိရသည်။

မိုဟာမက် သာကစ်ဖ်မှာ ၎င်းတက်ရောက်နေသည့် ဘာသာရေးကျောင်းမှ လက်ထောက်အဆောင်မှူး၏ ရေပိုက်နှင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရပြီးနောက် ဂျိုဟိုးဘာရူးရှိ ဆူလ်တန် အစ္စမေးလ် ဆေးရုံတွင် ဆေးကုသမှု ခံနေရပြီး ပြီးခဲ့သည့်တစ်ပတ်က ခြေထောက်နှစ်ဖက်ကို ဖြတ်လိုက်ရသည်။

ယမန်နေ့မနက်ပိုင်းတွင် ညာဖက်လက်၌ အညိုအမဲများ စွဲလာခဲ့ပြီး ဖြတ်ပစ်ရန် စီစဉ်ခဲ့သော်လည်း အခြေအနေ မတည်ငြိမ်သောကြောင့် ခွဲစိတ်မှုကို ဖျက်သိမ်းခဲ့ရသည်။ ၎င်းမှာ ကျောက်ကပ်မကောင်းသောကြောင့် ကျောက်ကပ် သန့်စဉ်မှုကိုလည်း ပြုလုပ်နေရသူဖြစ်ပြီး နေ့လည်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သာကစ်ဖ်အား ရိုက်နှက်သူ လက်ထောက် အဆောင်မှူးမှာ အသက် ၂၉ နှစ်အရွယ် ပြစ်မှုဟောင်းရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကာ ယမန်နေ့တွင် လူသတ်မှုဖြင့် အမှုပြောင်းလဲ ဖွင့်ဆိုခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် ခါလစ် အဘူ ဘာကာရ်၊ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်တို့က သာကစ်ဖ်၏ မိသားစုအား ၀မ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ကာ ၀န်ကြီးချုပ်က ထိုအမှုကို အလျင်အမြတ် စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုခဲ့သည်။

သာကစ်ဖ်၏ အဒေါ် ဇူရိုင်ဒါ အဟ်မဒ်က သူမ၏ တူလေးမှာ မနက် ၃ နာရီ ဘုရားဝတ်ပြုစဉ်ကတည်းက ထရသောကြောင့် စောစောအိမ်ယာဝင်သည့်အတွက် အရိုက်ခံရသည်ဟု ယခင်က ပြောကြားကြောင်း၊ ဒိုင်ယာရီတွင် ၎င်းခံစားရသည့် နှိပ်စက်မှုများကို ရေးသားထားပြီး အခြားကျောင်း ပြောင်းချင်သည်ဟု ဖွင့်ဟထားကြောင်း ပြောဆိုခဲ့သည်။

Ref: Staritstimes

Tags:

Comments are closed.