6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၈၊ ၂၀၁၇
M-Media

– တောင်အမေရိက ချန်ပီယံလိဂ်ဖြစ်သည့် ကိုပါ လီဘာတေဒိုးစ် ပြိုင်ပွဲ အုပ်စုပွဲစဉ် ဘရာဇီးလ်ကလပ်အသင်းနှင့် ဥရုဂွေး ကလပ်အသင်းတို့ပြိုင်ပွဲတွင် ကစားသမားအချင်းချင်း ရန်ဖြစ်ရာမှ အပြန်အလှန် အုပ်စုဖွဲ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဥရုဂွေးနိုင်ငံ မွန်တီ ဗီဒီယိုမြို့တွင် ကစားခဲ့သည့် အဆိုပါပဲတွင် ဘရာဇီးကလပ် Palmeiras မှာ ဥရုဂွေး ကလပ် Penarol ကို ၂ ဂိုးအရှုံးမှ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

Palmeiras အသင်းမှာ ပွဲအပြီး အောင်ပွဲခံသည့်အချိန် အိမ်ရှင်ကစားသမားများက နောက်မှလိုက်ကာ နှောက်ယှက်ခဲ့သည့်အတွက်ကြောင့် Palmeiras အသင်း ကွင်းလယ်လူက ဖိလစ်ပ် မီလိုက လက်သီးဖြင့် ပြန်လည် တုန့်ပြန်ထိုးနှက်ရာမှ ရန်ပွဲ အစပြုခဲ့ကာ နှစ်ဖက်ကစားသမားများ၊ ၀န်ထမ်းများ ပါဝင်ခဲ့သည်။

အ၀တ်လဲခန်းသို့ သွားရောက်မည့်လမ်းကို ပိတ်ထားသောကြောင့် ရန်ပွဲမှာ ပိုမို ပြင်းထန်ခဲ့သည်။

“ကွင်းအတွင်းက ထွက်ဖို့ ကြိုးစားတဲ့အခါ လှိုဏ်ခေါင်းကို ပိတ်လိုက်ပြီး၊ လုံခြုံရေး အစောင့်တွေက ကျွန်တော်တို့ကို တားပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် လုံခြုံရေးတွေက ကွင်းအတွင်းက ခေါ်ထုတ်ပြီး ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကြန့်ကြာသွားခဲ့ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒီထက်ပိုပြီး ဆိုးဝါးသွားနိုင်ပါတယ်” ဟု Palmeiras နည်းပြ အက်ဒူရာဒို ဘက်တစ္စတာက ပြောကြားခဲ့သည်။

နှစ်ဖက်အသင်းသားများအပြင် အားပေးသည့် ပရိတ်သတ်များအကြားတွင်လည်း ရိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်တွင်း ရဲတပ်ဖွဲ့ ၁၈ ဦး ဒဏ်ရာရခဲ့ပြီး၊ ရဲကား ၆ ဦး ဖျက်ဆီးခံခဲ့ရကာ စုစုပေါင်း လူ ၃၀ ကို ထိန်းသိမ်းခဲ့သည်ဟု ဥရုဂွေး ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

ဥရုဂွေးကလပ် Penarol အသင်းမှာ ယခင်ကလည်း လူမျိုးရေး ခွဲခြားခြင်း၊ လုံခြုံရေးအစောင့်များ တာဝန်မကျေခြင်း စသည့် နာမည်ပျက်များ ရှိခဲ့သည်။

Ref: BBC, ESPN

Comments are closed.