6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၈၊ ၂၀၁၇
M-Media

– မြောက်ကိုရီးယားနှင့် လက်ရှိ လိပ်ခဲတည်းလည်းဖြစ်နေမှု အခြေအနေမှာ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ပြီး၊ မိမိအနေဖြင့် သံတမန်ရေးအရ ဖြေရှင်းမှုကို ပိုမိုလိုလားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ယမန်နေ့က အိမ်ဖြူတော်၌ Reuters သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်သမ္မတများအဆက်ဆက်ကို ဒုက္ခရောက်စေခဲ့သည့် ထိုပြဿနာအား ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုအသစ်များကို ပြုလုပ်ရန် ရည်ရွယ်ထားပြီး စစ်ရေးအရ အရေးယူမှုကိုလည်း
ဖယ်မထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

မြောက်ကိုရီးယားမှာ ကမ္ဘာ့ကြီး၏ အကြီးဆုံး စိန်ခေါ်မှုဖြစ်သည်ဟုလည်း ထရမ့်က မှတ်ချက်ပြုခဲ့သည်။

မြောက်ကိုရီးယားအား ကြိုးကိုင်နိုင်မှုတွင် တရုတ်နိုင်ငံ၏ ကူညီမှုအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က ထည့်သွင်း ချီးကျူးခဲ့ပြီး လူကောင်းတစ်ယောက်ဖြစ်ကြာင်း၊ တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများကို ချစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ရက်ဇ် တီလာဆန်အနေဖြင့် မြောက်ကိုရီးယား၏ နျူနှင့် ဒုံးကျည်အစီအစဉ်အတွက် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန် ကုလကို ဖိအားပေးသွားမည်ဟုလည်း ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

Ref: Aljazeera

Tags:

Comments are closed.