6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၂၊ ၂၀၁၇
M-Media

– ကမ္ဘာ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် Facebook က ထိုင်းနိုင်ငံတွင် ၀ဘ်စာမျက်နှာ အများအပြားကို ‘မသင့်လျော်သည့်’ အရာများ ပါဝင်မှုကြောင့် ပိတ်ပင်လိုက်ပြီး၊ ထိုအထဲတွင် တော်ဝင်သားစုအား စော်ကားသည်ဟု ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက သတ်မှတ်ထားသော စာမျက်နှာများလည်း ပါဝင်သည်။

ထိုင်း အမျိုးသား အသံလွှင့်မှုနှင့် တယ်လီဖုန်းဆက်သွယ်ရေးကော်မရှင် (NBTC) က Facebook မှာ ရာဇ၀တ်မှုဆိုင်ရာတရားရုံးက အမည်ပျက်စာရင်းသွင်းထားသည့် စာမျက်နှာ ၃၀၉ ခုမှ ၁၇၈ ခုကို အသုံးပြုသူများ ၀င်ရောက်ကြည့်ရှု၍ မရအောင် ကန့်သတ်ခဲ့သည်ဟု ယမန်နေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် ကျန်ရှိသည့် ၁၃၁ ခုကို မပိတ်ပင်က Facebook Tahiland မှာ တရားဥဒေကြောင်းအရ ရင်ဆိုင်ရမည်ဟုလည်း NBTC က သတိပေးခဲ့သည်။

Facebook ကမူ ၎င်းတို့ ပိတ်ပင်ခဲ့သည့် ၀ဘ်စာမျက်နှာ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ၊ ထိုင်းနိုင်ငံ ဥပဒေများကို ချိုးဖောက်သည်ဟု သတ်မှတ်နိုင်သည့် အရာများကို ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်သွားမည်ဟု DPA သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုင်း ရာဇ၀တ်မှုဆိုင်ရာ တရားရုံးမှာ ၂၀၁၅ ခုနှစ်မှစ၍ ၀ဘ်စာမျက်နှာပေါင်း ၇၀၀၀ နီးပါးကို ‘မသင့်လျော်သည့်အတွက်’ ပိတ်ပစ်ရန် အမိန့်ေးခဲ့သည်ဟု ဒစ်ဂျစ်တယ်စီပွားရေးနှင့် အသိုက်အ၀န်း ၀န်ကြီးဌာန၏ ပြောကြားမှုအရ သိရသည်။

တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေတစ်ခုကို ထိုင်းနိုင်ငံက ပြဌာန်းထားသည်။

Ref: Aljazeera

Comments are closed.