6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၄၊ ၂၀၁၇
M-Media

– အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ အမျိုးသမီး FA ဖလားပြိုင်ပွဲတွင် မန်စီးတီး အမျိုးသမီးအသင်းက ဗိုလ်စွဲသွားခဲ့ကာ အင်္ဂလိပ် အမျိုးသမီး ဘောလုံးလောကတွင် သမိုင်းသစ်တစ်ခုလည်း ရေးထိုးနိုင်ခဲ့သည်။

ယမန်နေ့က မန်စီးတီးအသင်းနှင့် ဘာမင်ဂမ်အသင်းတို့ ကစားခဲ့သည့် ဗိုလ်လုပွဲတွင် မန်စီးတီးမှာ ဘရုန်းဇ်၊ ခရစ်တီယန်ဆန်၊ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမား အလ်လွိုက်၊ စကော့တို့၏ သွင်းဂိုးများ ဖြင့် ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မန်စီးတီး အမျိုးသမီအသင်းမှာ FA ဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်အတွင်း ပြည်တွင်းဖလား ၃ လုံးစလုံး ရယူနိုင်ခဲ့ကာ၊ အာဆင်နယ်အမျိုးသမီးအသင်းက ၂၀၁၁ ခုနှစ်တွင် ထိုကဲ့သို့ ဖလား ၃ လုံးစလုံး ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးဖြစ်သည်။

မန်စီးတီးမျိုးသမီးအသင်းမှာ ၂၀၁၄ ခုနှစ်အထိ မည်သည့်ဖလားမှ မရရှိခဲ့သော်လည် လက်ရှိတွင် အမျိုးသမီး ဆူပါလိဂ် ချန်ပီယံ၊ Continental Cup၊ FA ဖလားတို့ ရရှိထားကာ၊ WSL Spring Series ချန်ပီယံဖြစ်ရန်လည်း နီးစပ်နေသည်။

Ref : BBC

Tags:

Comments are closed.