6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၅၊ ၂၀၁၇
M-Media

– အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မက္ကာဟ်မြို့ရှိ ကအ်ဘာကျောင်းတော်တွင် အသုံးပြုခဲ့သော ရှေးဟောင်း ရွှေပိန်းချတံခါး အပါအ၀င် အာရေဗျသမိုင်းဆိုင်ရာ ပစ္စည်းပေါင်း ၄၆၆ ခုကို မေလ ၉ ရက်နေ့မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်တွင် ခင်းကျင်းပြသထားသည်ဟု သိရသည်။

Roads of Arabia အမည်ဖြင့် အမျိုးသားပြတိုက်တွင် ပြုလုပ်သည့် အဆိုပါ ပြပွဲမှာ အာရေဗျကျွန်းဆွယ်၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် စပ်လျဉ်းတွင် တောင်ကိုရီးယားတွင် ပထမဆုံးပြုလုပ်သော ပြပွဲကြီးတစ်ခု ဖြစ်သည်ဟု ကိုရီယား ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဆော်ဒီအာရေဗျက စုဆောင်းထားသည့် ရှေးဟောင်း ပစ္စည်းများကို ပြသသော အဆိုပါ Roads of Arabia ပြပွဲကို ၂၀၀၆ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြပွဲတွင် ခရစ်တော်မပေါ်ခင် ၄ ရာစုအရင်က ထွင်းထုထားသည့် ကျောက်ထွင်း လူသားရုပ်ထုများမှသည် ကအ်ဘာကျောင်းတော်၌ ယခင်က တပ်ဆင်ခဲ့သည့် ရွှေပိန်းချတံခါးများအထိ ပါဝင်သည်။

ပြပွဲကို ကိုရီးယား အမျိုးသားပြတိုက်နှင့် ဆော်ဒီ ခရီးသွားလာရေးနှင့် အမျိုးသားအမွေအနှစ် ကော်မရှင်တို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ သြဂုတ်လ ၂၇ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။

Ref: Alarabiya

Comments are closed.