6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၅၊ ၂၀၁၇
M-Media

၂၀၁၂ ခုနှစ် ကျောက်ဖြူ ရေနံပိုက်လိုင်းစိမံကိန်း ဆောက်လုပ်နေစဉ်

– ဥရောပနဲ့ အာဖရိကအပါအ၀င် ကျန်ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့အတွက် ရေနံပိုက်လိုင်း၊ ဆိပ်ကမ်း၊ ရထားလမ်း၊ ကားလမ်းနဲ့ အခြား စီမံကိန်းတွေ ဖော်ဆောင်ရေး အလျော်အစားကြီးလွန်းတဲ့ အစီအစဉ်တွေထဲက တစ်ခုကို ပြသဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီတစ်ပတ်အတွင်း ဘေဂျင်းမှာ ညီလာခံတစ်ခု ကျင်းပဖို့ စိုင်းပြင်းနေပါတယ်။ (လက်ရှိ ကျင်းပနေပါတယ်။)

One Belt, One Road လို့ခေါ်ပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ စီးပွားရေးချဲ့ထွင်ဖို့ဖြစ်ပြီး ဒီလမ်းကြောင်းတစ်လျှောက်မှာ ရှိနေတဲ့ နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေးအတွက်လည်း တရုတ်က ကတိပြုထားပါတယ်။

ဒါပေမယ့် အခြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံတွေက ဒီလို ကြီးမားတဲ့ လုပ်ငန်းကြီးမှာ မပါဝင်ခင် မြန်မာနိုင်ငံ အနောက်ဖက်ကမ်းရိုးတမ်း အလွန်ဆင်းရဲတဲ့ ရခိုင်ပြည်နယ်က ယိုင်နဲ့နဲ့ သစ်သားအိမ်တွေ၊ ရွှံ့လမ်းတွေနဲ့ ကျောက်ဖြူမြို့တစ်ဝိုက် ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ပြီး ဉာဏ်ကိုလွှာကာ စဉ်းစားတွေးတောကြမှာပါ။ ဒီမြို့လေးဟာ သဘာဝ သယံဇာတတွေ၊ အကျိုးအမြတ်တွေအတွက် ခြေကုန်သုတ်ဝင်ရောက်ရင်း မတည်သောကတိ၊ ခြစားမှုတွေ၊ လယ်သမားတွေရဲ့ အခွင့်အရေး ရိုက်ချိုးခံရမှု စတာတွေရဲ့ ပြယုဂ်ဖြစ်နေပါတယ်။

တရုတ် အမျိုးသား ရေနံထွက်ကုန်များ ကော်ပိုရေးရှင်းနဲ့ မြန်မာအစိုးရတို့ဟာ ဘင်္ဂလားပင်လယ်အော် ကမ်းနဖူးမှာ ရှိနေတဲ့ ကျောက်ဖြူကနေ မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်အထိ ရေနံနဲ့ သဘာဓာတ်ငွေ့ပိုက်လိုင်း ပူးပေါင်းတည်ဆောက်မှုအတွင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြဖို့ ဆင်းရဲပြီး သေးငယ်တဲ့ ကပိန်ချောင်း ရွာလေးကနေ စက်လှေတစ်တန်၊ ခြေလျင်တစ်တန်၊ ဆိုင်ကယ်တစ်တန်နဲ့ နာရီပေါင်းများစွာ အကုန်ခံ လာရောက်ကြတဲ့ လယ်သမား ၅ ဦးထံက ဒီအကြောင်းတွေကို ကျွန်တော် ပထမဆုံး ကြားသိရတာ ဖြစ်ပါတယ်။

အဲဒီရွာသားတွေဟာ တရုတ်စီမံကိန်းတွေကို စောင့်ကြည့်ဖို့ သဘာဝသယံဇာက စီမံခန့်ခွဲရေး အင်စတီကျူနဲ့ ပေါင်းကူးလို့ခေါ်တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့နှစ်ဖွဲ့က ကျောထောက်နောက်ခံပြုထားတဲ့ ဒေသန္တရ ‘စောင့်ကြည့်ကော်မတီ’ က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီကော်မတီဟာ သေးငယ်ပေမယ့် သက်ဆိုင်ရာကို တိုင်ကြားဖို့ တွန့်ဆုတ်တဲ့သူတွေ ရှိနေတဲ့တိုင်းပြည်၊ စီမံကိန်းအတွက်အရေးပါတဲ့ မြေတွေကို ပိုင်ဆိုင်ထားပေမယ့် သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်နိုင်စွမ်းမရှိတဲ့ လယ်သမားတွေအကြောင်းကို ဘယ်သူမှ ဂရုမစိုက်ကြတဲ့ တိုင်းပြည်မှာတော့ လူ့အဖွဲ့အစည်းဖက်က တုန့်ပြန်ရေး သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ အထင်ကြီးလေးစားစရာ ကောင်းပါတယ်။

တရုတ်တွေဟာ ကပိန်ချောင်းရွာက ဆည်တစ်ခုနဲ့ အဲဒီဆည်အတွက် အရေးပါတဲ့ လမုပင်တွေကို ဖျက်ဆီးလိုက်တာကြောင့် လယ်တွေမှာ ရေငံတွေဝင်ပြီး၊ ရေသွင်းစိုက်ပျိုးလို့ရတဲ့ မြစ်တစ်ခုကိုလည်း ထိခိုက်စေခဲ့ပါတယ်။ အသက် ၅၀ အရွယ် လယ်သမား ဦးထွန်းတင်က အရင် ဆန်အိတ် ၁၀၀၀ လောက် စိုက်နိုင်တဲ့ လယ်သမားတွေဟာ အခုတော့ ထက်ဝက်လောက်သာ စိုက်လို့ရတယ်လို့ ပြောပါတယ်။ သူနဲ့သူ့ရဲ့ အိမ်နီးချင်းတွေဟာ အခုဆိုရင် မိသားစုကို ကျွေးမွေးဖို့ ပိုမိုခက်ခဲလာခဲ့ပြီး အစိုးရကျောင်းနဲ့ မလုံလောက်တဲ့ ကလေးတွေအတွက် ကျူရှင်ဖိုးလည်း မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

၁၀ နှစ်သား သားတစ်ယောက်မိခင် အသက် ၄၅ နှစ်အရွယ် ဒေါ်သောင်းမြကတော့ သူတို့တွေဟာ အခြား လယ်သမားတွေဆီမှာ ဆန်အိတ်သယ်တာမျိုး၊ လမ်းပြင်တာမျိုးတွေလို အလုပ်တွေကို အချိန်ပိုင်းလုပ်ရတဲ့ အဆင့်ကို ရောက်နေပြီး လယ်တွေကတော့ ရေငန်တွေဝင်သွားတာကြောင့် ပျက်ဆီးသွားကာ လုံးဝ စိုက်ပျိုးလို့ မရတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဆည်ပြန်ပြင်ပေးဖို့ ကော်မတီရဲ့ တောင်းဆိုမှုဟာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ဒေသခံ အာဏာပိုင်တွေအကြား ဟိုဘက်ဒီဘက် ဘောလီဘောပုတ် ခံနေရပါတယ်။ သူတို့ရဲ့မြေ တစ်ချို့တစ်ဝက် အသိမ်းခံရစဉ်က ရရှိခဲ့တဲ့ မဆိုစလောက် လျော်ကြေးထက် ပိုရဖို့ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကို ချဉ်းကပ်ဖို့ ကြိုးစားမှုကလည်း အရာမထင်ပါဘူး။

“ကျွန်တော်တို့ဟာ ကူရာကယ်ရာမဲ့တွေဖြစ်တာကြောင့် သူတို့ ဆုံးဖြတ်သလို လုပ်လို့ရတယ်ဆိုပြီး သူတို့က ထင်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့အပေါ်မှာ လူလူချင်း ထောက်ထားတဲ့စိ တ်ဓာတ်မျိုး ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ ရွာသားတွေထဲက ပြောရေးဆိုခွင့်ရှိသူ အသက် ၃၄ နှစ်အရွယ် နိုရီလင်းက ပြောပါတယ်။

ဒီလိုအခြေအနေမျိုးတွေကို ကြုံတွေ့ရတာ ကပိန်ချောင်းကျေးရွာက ရွာသားတွေတင် မဟုတ်ဘူးလို့ စောင့်ကြည့်ကော်မတီနဲ့ သူတို့ရဲ့ မဟာမိတ်တွေက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရင် မြန်မာစစ်အာဏာရှင်ဟောင်းနဲ့ အလုပ်လုပ်ခဲ့တဲ့ စီမံကိန်း တာဝန်ရှိသူတွေဟာ ရေနံပိုက်လိုင်းတစ်လျှောက် လယ်သမားတွေရဲ့ မြေတွေကို (ဥပဒေအရ နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံက မြေတွေကို ပိုင်ဆိုင်ခွင့် မရှိပေမယ့်) တစ်ခုလုံး၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း သိမ်းယူခဲ့ပြီး ဒီမြေတွေအတွက် ငွေနည်းနည်းပါးပါးသာ ပေးခဲ့ပါတယ်။ လယ်သမားတွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ၀င်ငွေရလမ်း မရှိတော့ပါဘူး။

လယ်သမားတွေကို စီမံကိန်းတိုးချဲ့မှုအတွက် အသိပေးတာမျိုး၊ နောက်ဆက်တွဲဆိုးကျိုးတွေအတွက် သတိပေးတာမျိုး မရှိဘူးလို့လည်း စောင့်ကြည့်ကော်မတီက ဆိုပါတယ်။ ဒေသအာဏာပိုင်တွေရဲ့ ခြစားမှု၊ အကျင့်ပျက်မှု ဖြစ်စဉ်က ၁၀၂ ခုကို သူတို့က မှတ်တမ်းတင်ထားပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်ဆီးမှုတွေကို လစ်လျူရှုထားတာ၊ ဖုံးကွယ်ထားတာမျိုး ရှိနေပြီး၊ ဒီမံကိန်းဟာ ဆင်းရဲတဲ့ ဒီလူ့အဖွဲ့အစည်းအတွက် အလုပ်အကိုင် ၅ သိန်းလောက် ဖန်တီးပေးနိုင်မယ်ဆိုတဲ့ ဟိတ်ကြီးဟန်ကြီး ကတိတွေဟာလည် အမှားတွေသာ ဖြစ်ခဲ့ပါတယ်။

ကုန်သွယ်ရေးမှာ အလွန်အမင်း မှီခိုနေရတာကို သိပေမယ့် နှလုံးနာစရာ စစ်အာဏာရှင်ဟောင်းကို ထောက်ပံ့ပေးမှုအပါအ၀င် မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်မှုဟာ မြန်မာပြည်သူတွေ တရုတ်အပေါ် ရန်လိုမှုသာ ဖြစ်စေခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ One Belt, One Road စီမံကိန်းမှာ နိုင်ငံရေးအရ ကြီးကြီးမားမား မျှော်လင့်ထားပြီး တရုတ်ရဲ့ မဟာဗျူဟာလွှမ်းမိုးမှုကို အခြားအရာတွေထက် ပိုပြီး ကျယ်ပြန့်လာအောင် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ရေနံပိုက်လိုင်းအပြင် တရုတ်နိုင်ငံဟာ ကျောက်ဖြူဒေသမှာ ရေနက်ဆိပ်ကမ်းကြီးနှစ်ခုနဲ့ အထူး စီးပွားရေးဇုန်တစ်ခု တည်ဆောက်ဖို့လည်း အစီအစဉ်ရှိပါတယ်။

မြန်မာနိုင်ငံက တရုတ်ရဲ့ အငြင်းပွားဖွယ် ဆည်ကြီး (မြစ်ဆုံဆည်) ကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ဖျက်မသိမ်းရပေမယ့် ရပ်တန့်လိုက်ရပြီးတဲ့နောက်ပိုင်းမှာ မြေပြင်က ပြည်သူတွေဆန့်ကျင်မှု မရှိအောင်လို့ အခု ကျောက်ဖြူ စီမံကိန်းတွေမှာတော့ တရုတ်ဟာ ဒေသခံတွေကို ချွေးသိပ်ဖို့အတွက် နစ်နာကြေးပိုပေးရမယ့် အနေအထားမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတဲ့ ဂျပန်ကတော့ ဒီလို စောဒကတွေကို ပိုပြီး ဂရုတစ်စိုက်နဲ့ ပွင့်ပွင့်လင်းလင်း ဖြေရှင်းပါတယ်။

ဒါပေမယ့် မြေဧကပေါင်းထောင်နဲ့ချီလိုအပ်နေတဲ့ ဒီ ရေနက်ဆိမ်းကမ်တွေ၊ စီးပွားရေးဇုန်တွေကို အစပျိုးနေတဲ့ တရုတ်ဟာ သူ့ရဲ့ ထုံးစံကို ပြင်မယ့်အနေအထား မတွေ့ရသေးဘူးလို့ လူတော်တော်များများက ပြောပါတယ်။

“ရေနံပိုက်လိုင်းကနေ ကျွန်တော်တို့ သင်ခန်းစာ ရသွားပါပြီ။ ကျွန်တော်တို့ဟာ ဒီမြေပိုင်ရှင်တွေပါ။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ကိုပေးတဲ့ နစ်နာကြေးက သူတို့အတွက် လက်ဖက်ရည်ဖိုးလောက်သာ ရှိပါတယ်” လို့ နိုရီလင်းက ပြောကြားခဲ့ပါတယ်။

Ref : NY Times

(နယူးယောက်တိုင်မ်းစ်သတင်းစာတွင် ဖော်ပြထားသည့် Villagers in Myanmar Describe the
Destructive Power of China’s Building Frenzy ဆောင်းပါးကို လေးမောင်က ဆီလျော်အောင်
ဘာသာပြန်ဆိုသည်)

Comments are closed.