မေ ၂၁၊ ၂၀၁၇
M-Media
– ဆော်ဒီအာရေဗျသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆော်ဒီဘုရင် ဆလ်မန်တို့မှာ ကန်ဒေါ်လာ ဘီလီယံ ၁၁၀ တန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး စာချုပ်တစ်ခုကို ယမန်နေ့တွင် ချုပ်ဆိုခဲ့သည်ဟု သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ယခု လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်မှာ ဒေသတွင်း အီရန်၏ အဖျက်သဘောဆောင်သော လွှမ်းမိုးမှုကို ရင်ဆိုင်ရန် ဆော်ဒီအတွက် အကူအညီ ဖြစ်စေမည်ဖြစ်ကြောင်း၊ သဘောတူညီချက်တွင် ဆော်ဒီအာရေဗျနှင့် ပင်လယ်ကွေ့ဒေသ ရေရှည်လုံခြုံရေး
အတွက် ကာကွယ်ရေးပစ္စည်းများ၊ ၀န်ဆောင်မှုများ ထောက်ပံ့ပေးရေး ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုသဘောတူညီချက်တွင် အိုဘားမားလက်ထက်က မရောင်းချခဲ့သော ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရောင်းချရန်လည်း ပါဝင်သည်။
တီလာဆန်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတါင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်က ယခုဆွေးနွေးမှုမှာ ‘ဆော်ဒီအာရေဗျနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး၏ စစ်မှန်သော သမိုင်းဝင်နေ့ဖြစ်ပြီး၊ အစ္စလာမ်ကမ္ဘာ၊ အာရပ်ကမ္ဘာနှင့် အမေရိကန်အကြား ဆက်ဆံရေး အလှည့်အပြောင်းတစ်ခု၏ အစဖြစ်မည်ဟု ယုံကြည်ကြောင်း’ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတနှင့် ၎င်း၏အဖွဲ့မှာ ယမန်နေ့က ဆော်ဒီသို့ ရောက်ရှိလာပြီး ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်တွင် ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများကို လက်မှတ်ထိုးရန် ရှိနေသည်။
Ref: Aljazeera