6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၂၊ ၂၀၁၇
M-Media

– ဘန်ကောက်မြို့လယ်ကောင်ရှိ King Mongkut ဆေးရုံတွင် ယနေ့နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့မှာ ထိုင်းစစ်တပ်က အာဏာသိမ်းသည့် ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ယခု ဗုံးကွဲမှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။ ဗုံးမှာ အငြိမ်းစား စစ်တပ်အရာရှိများ နားနေခန်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူအးလုံးမှာ ဆေးကုသမှု ခံယူနေသည်ဟု ထိုင်း သတင်းဌာနများက ဖော်ပြကြသည်။

ရဲတပ်ဖွဲ့၏ ပေါက်ကွဲစေတတ်သော လက်နက်ကြီးများ ကိုင်တွယ်ရေးအဖွဲ့မှ တပ်မှူး Kamthorn Aucharoen က ပေါက်ကွဲသည့်ဗုံးမှာ တစ်လုံးတည်းဖြစ်ပြီး ဗုံးလုပ်ရာတွင် အသုံးပြုသည့် အရာများကို မိမိတို့ တွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် လုံခြုံရေး ကင်မရာမှတ်တမ်းများကို တာဝန်ရှိသူများက စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ Sansern Kaewkamnerd က ဒဏ်ရာရှိသူ ၂၄ ဦးတွင် ၂ ဦးမှာ မျက်နှာနှင့် လည်ပင်းများတွင် ဆိုးရွားသည့် စိုက်ဝင်ဒဏ်ရာများ ရရှိခဲ့ပြီး၊ လူနာအများစုမှာ ဒဏ်ရာ အသေးအဖွဲ့များသာ ရရှိသည်ဟု ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်အကြီးအကဲ ပရာယွတ် ချန်အိုချာမှာ လွန်ခဲ့သည့် ၃ နှစ်က ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာ၏ အစိုးရထံမှ အာဏာသိမ်းခဲ့ပြီး ၆ လတာ မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ပိုမိုဆောင်ရွက်ရန်အတွက် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Ref: Aljazeera

Tags:

Comments are closed.