6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၆၊ ၂၀၁၇
M-Media

– ဟက်ကာတွေဟာ အွန်လိုင်းဗီဒီယိုတွေက စာတမ်းထိုးဖိုင်တွေထဲမှာ ဗိုင်းရပ်စ်တွေဖွက်ကာ ကွန်ပျူတာတွေကို တိုက်ခိုက်မှု ပြုလုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

Check Point ဆိုတဲ့ လုံခြုံရေးအဖွဲ့တစ်ခုက ဒီချို့ယွင်းချက်ကို တွေ့ရှိခဲ့တာဖြစ်ပြီး အွန်လိုင်းက တရားမ၀င်မဟုတ်ဘဲ ဒေါင်းလုတ်ဆွဲထားတဲ့ ဗီဒီယိုတွေက စာတမ်းထိုးဖိုင်တွေမှာ ဗိုင်းရပ်စ်မြှုပ်ထားကာ ကွန်ပျူတာကို ကာကွယ်ပေးထားတဲ့ လုံခြုံရေးဆော့ဖ်ဝဲတွေ၊ ဗိုင်းရပ်စ်တားဆီးတဲ့ ဆော့ဖ်ဝဲတွေကို အလွယ်တကူ ကျော်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ကွန်ပျူတာတွေမှာ အွန်လိုင်းကနေ တိုက်ရိုက်ကြည်တဲ့ ဗီဒီယိုဆော့ဖ်ဝဲတွေ၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တဲ့၊ တီဗီအစီအစဉ်ကြည့်တဲ့ ဆော့ဖ်ဝဲ အသုံးပြုသူတွေဟာ ဒီလို တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီး VLC၊ Kodi၊ Popcorn Time နဲ့ Stremio ပရိုဂရမ်တွေကနေတစ်ဆင့် ဗိုင်းရပ်စ်ပြန့်နှံ့နိုင်တယ်လို့ တွေ့ရကာ၊ တစ်ခြားဆော့ဖ်ဝဲတွေမှာလည်း ဖြစ်နိုင်ပါတယ်။

Check Point ကတော့ ဒီလို စာတမ်းထိုးဖိုင်တွေကနေ တိုက်ခိုက်မှုဟာ စမတ်တီဗီတွေအပါအ၀င် ဆော့ဖ်ဝဲအသုံးပြုတဲ့ ဘယ်လို ကိရိယာမျိုးကိုမဆို အပြည့်အ၀ ထိန်းချုပ်နိုင်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဗီဒီယိုအများစုဟာ မူလ စာတမ်းထိုးဖိုင်မပါပေမယ့် ကွန်ပျူတာက မီဒီယာပလေယာတွေဟာ အွန်လိုင်းကနေ စာတမ်းထိုးဖိုင်တွေကို အလိုအလျောက် ဒေါင်းလုပ်ဆွဲလေ့ရှိပြီး အန္တရာယ်မဖြစ်နိုင်တဲ့ Text ဖိုင်တွေဖြစ်တာနဲ့ အခြား Format များစွာ ရှိနေတာကြောင့် ဗိုင်းရပ်စ် စစ်တာမျိုး မလုပ်ကြပါဘူး။

ဟက်ကာတွေဟာ opensubtitles.org လို စာတမ်းထိုး ၀ဘ်ဆိုက်တွေကို အသုံးချနိုင်ပြီး၊ ရုပ်ရှင်မှာ စာတမ်းစထိုးပြီဆိုတာနဲ့ ဗိုင်းရပ်စ်က ပြန့်နှံ့သွားတယ်လို့ Check Point က ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref : Telegaph

Comments are closed.