6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၈၊ ၂၀၁၇
M-Media

– ဇွန်လအစောပိုင်းမှာ ပျက်ကျသွားခဲ့တဲ့ စစ်တပ် ပို့ဆောင်ရေးလေယာဉ် Y8-200F က Black Box ကို ရှာဖွေတွေ့ရှိပြီလို့ မြန်မာစစ်တပ်က ဒီနေ့မှာ ကြေငြာလိုက်ပါတယ်။

စစ်မှူထမ်းတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦးကို တင်ဆောင်သွားတဲ့ အဲဒီလေယာဉ်ဟာ ဇွန်လ ၇ ရက်နေ့ ထားဝယ်ကနေ ရန်ကုန်အသွားခရီးစဉ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အလောင်း ၉၀ ကျော်ကို ရရှိထားတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။

ဒီနေ့မှာတော့ Y8 လေယာဉ်က Black Box ကို ရှာဖွေတွေ့ရှိကာ ဆယ်ယူနိုင်ပြီလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ Facebook စာမျက်မှာ လွှင့်တင်ထားပါတယ်။ အဲဒီ Black Box မှာ လေယာဉ်မောင်းခန်းက အသံဖမ်းရိယာနဲ့ လေယာဉ်အချက်အလက် မှတ်တမ်းတင်ကိရိယာတို့ ပါဝင်ပါတယ်။

လေယာဉ်မပျက်ကျခင် နောက်ဆုံးဖြစ်ပျက်တဲ့ အခြေအနေကို ဒီ Black Box ကနေ ဖော်ထုတ်ကာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို သိရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Black Box ကနေ အချက်အလက်တွေ ဖော်ထုတ်ဖို့ အချိန် ဘယ်လောက်ကြာမလဲဆိုတာကိုတော့ စစ်တပ်ဖက်က ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့်တော့ ရက်ပိုင်းကနေ၊ သီးတင်းပတ်အနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။

တရုတ်နိုင်ငံလုပ် အဲဒီလေယာဉ်ကို မြန်မာလေတပ်က အသုံးပြုတာဟာ ၂ နှစ်သာရှိသေးပြီး နာရီ ၈၀၀ သာ ပျံသန်းရသေးတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

လေယာဉ်ပျက်ကျမှု အကြောင်းအရင်း ၉၀ ရာခိုင်နှုန်းလောက်ကို Black Box ကနေ ဖော်ထုတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Ref: CNA

 

Comments are closed.