6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၂၊ ၂၀၁၇
M-Media

– ကမ္ဘာတစ်ဝှမ်းက ဘာသာတူ၊ ဘာသာကွဲ အကြမ်းဖက်ဝါဒကြောင့် ထိခိုက်ခံစားရဆုံးသူတွေဟာ မွတ်စလင်တွေသာ ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက သြစတေးလျ ထိပ်တန်း မီဒီယာဌာန ABC ကို ပြောကြားလိုက်ပါတယ်။

လတ်တလောမှာ ဥရောပတစ်ဝှမ်း မွတ်စလင်တွေက မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်တဲ့သတင်းတွေ သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ ပါဝင်နေပမယ့် အမေရိကန်က အကြမ်းဖက်လေ့လာမှုနဲ့ တိုက်ဖျက်ရေးအဖွဲ့ National Consortium for the Study of Terrorism and Responses to Terrorism (START) ရဲ့ ပညာရှင်တွေက မွတ်စလင်တွေသာ အကြမ်းဖက်ဝါဒကြောင့် ထိခိုက်ခံစားရဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

START က အမှုဆောင်ဒါရိုက်တာ ၀ီလီယံ ဘရာနစ်ဖ်နဲ့ သူ့အဖွဲ့ဟာ အကြမ်းဖက်ဝါဒရဲ့ အကြောင်းအရင်းတွေ၊ နောက်ဆက်တွဲ အကျိုးဆက်တွေ၊ တနင်္လာနေ့က လန်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လိုမျိုး တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို လေ့လာခဲ့ကြတာပါ။ ထိခိုက်သေဆုံးသူတွေ ကိုးကွယ်တဲ့ဘာသာကို အကုန်လုံး မသိရပေမယ့် အဲဒီလို လေ့လာခဲ့ပြီးတဲ့နောက် သူတို့ တွေ့ရှိတာက မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒရဲ့ဒဏ်ကို အခံရဆုံးဖြစ်တယ်ဆိုတာပါပဲ။

“အရှေ့အလယ်ပိုင်းမှာ မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းမှု နှစ်ခုစလုံးကြောင့် ထိခိုက်ခံစားရဆုံး သားကောင်တွေ ဖြစ်နေပါတယ်” လို့ ဘရာနစ်ဖ်က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ဒီအမြင်ဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုလို အမေရိကန်နဲ့ ဥရောတို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြီးတွေကိုသာကြည့် အကြမ်းဖက်ဝါဒအကြောင်း တွေးနေသူတွေအတွက် အံ့အားသင့်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဘရာနစ်ဖ်နဲ့ သူ့ရဲ့အဖွဲ့က အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသအပါအ၀င် အကြမ်းဖက်ဝါဒကို ခရေစေ့တွင်းကျ လေ့လာတဲ့အခါမှာတော့ မွတ်စလင်တွေကသော မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်ဆိုတာ သွားတွေ့တယ်လို့ သူက ဆိုပါတယ်။

ဥပမာအားဖြင့် မေလ ၃၀ ရက်နေ့မှာ အီရတ်နိုင်ငံအတွင်း IS ရဲ့ ဗုံးခွဲမှုနှစ်ခုကြောင့် လူပေါင်း ၃၁ ဦး သေဆုံးခဲ့ပြီး တစ်ခုက ကားဗုံးကို အသုံးပြုခဲ့ကာ၊ နာက်တစ်ခုကတော့ ဘဂ္ဂဒတ်မြို့လယ်ကောင်က ရေခဲမုန့်ဆိုင်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အနောက်မီဒီယာတွေကတော့ ဒီအဖြစ်အပျက်ကို လူ ၂၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ မေလ ၂၂ ရက်နေ့ မန်ချက်စတာက စတိတ်ရှိုးတစ်ခုမှာ ဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲမှုလောက် အလေးမထားခဲ့ပါဘူး။

ဘာသာကွဲ အကြမ်းဖက်ဝါဒ၏ ပစ်မှတ်ထားမှုကို ခံနေရ

ဘရာနစ်ဖ်က မွတ်စလင်တွေဟာ အရှေ့အလယ်ပိုင်းပြင်ပမှာလည်း အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ဆိုပါတယ်။ START က သုတေသနပညာရှင်တွေဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံ တော်တော်များများ ပါဝင်တဲ့ ‘စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအသင်း’ အဖွဲ့ဝင်နိုင်ငံ ၃၅ နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မွတ်စလင်တွေကို ဦးတည်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

“အစ္စလာမ့်မစ်အစွန်းရောက်တွေက ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေ တိုးလာသလို၊ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာတာကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” လို့ ဘရာနစ်ဖ်က ပြောကြားခဲ့ပါတယ်။

START အဖွဲ့မှာ ၁၉၇၀ ပြည့်နှစ်တွေက တိုက်ခိုက်မှုတွေကို လေ့လာတဲ့ Global Terrorism Database က ပရိုဂရမ်မန်နေဂျာ အီရန် မီလာက မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ မြင့်တက်လာနေပြီး ဒီတိုက်ခိုက်မှုတွေကိုတော့ မီဒီယာတွေက တူညီတဲ့စိတ်ဝင်စားမှုမျိုး ဘာ့ကြောင့် မရှိတာလဲဆိုတဲ့ မြင်တွေလည်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“အနောက်တိုင်းမှာ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အများကြီးရှိတယ်။ ဒါပေမယ့် တော်တော်များများမှာ လူသေတာမျိုး မရှိပါဘူး” လို့ သူမက ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ ဂျာမနီရောက် ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေ နေထိုင်ရာနေရာတွေကို တိုက်ခိုက်မှုပေါင်း ၃၅၃၃ ခု ရှိခဲ့တယ်ဆိုတဲ့ ဂျာမနီသတင်းဌာနတစ်ခုရဲ့ ဖော်ပြမှုကို မီလာက ထောက်ပြခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ကလေးငယ် ၄၃ ဦးအပါအ၀င် ဒဏ်ရာရသူ ၅၆၀ လောက် ရှိပေမယ့် သေဆုံးတာမျိုးတော့ မရှိပါဘူး။

တနင်္လာနေ့က လန်ဒန်မြောက်ပိုင်း ဖင်စ်ဘူရီပါ့ခ်ဗလီ အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာ အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးသူဟာ တိုက်ခိုက်မှုကြောင့် သေဆုံးတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မီလာကတော့ အမေရိကန်မှာ အမုန်းရာဇ၀တ်မှုလို့ ခေါ်တာနဲ့ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုအကြား ကွဲပြားမှုကို ဆုံးဖြတ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီခြားနားချက်က ဘယ်အုပ်စုတွေဟာ အကြမ်းဖက်တိုက်ခိုက်မှု ပစ်မှတ်ထားခံရဆုံးဆိုတာကို ဆုံးဖြတ်ဖို့ အရေးပါတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။

“ဒီကိစ္စမှာ အကြမ်းဖက်ဝါဒလား၊ အမုန်းရာဇ၀တ်မှုလားဆိုတာကို ခွဲခြားတာဟာ သိပ်ပြီး အသုံးမ၀င်ပါဘူး။ ဒါဟာ အမည်အရ ကွဲပြားမှုပါပဲ” လို့ မီလာက ပြောကြားခဲ့ပါတယ်။

အနောက်တိုင်းမှာ မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒ၊ အမုန်းရာဇ၀တ်မှု နှစ်ခုစလုံးရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့လည်း သူမ ဖွင့်ဟခဲ့ပါတယ်။

Ref: ABC

 

Tags:

Comments are closed.