6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၂၊ ၂၀၁၇
M-Media

– ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် အမေရိကန်ရွေးကောက်ပွဲတွင် ပြည်နယ် ၂၁ ခုရှိ ရွေးကောက်ပွဲစနစ်ကို ရုရှားဟက်ကာများက ပစ်မှတ်ထားခဲ့သည်ဟု အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) မှ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ဂျီယန်နက်တီ မန်ဖရာက ပြောကြားလိုက်သည်။

ရွေးကောက်ပွဲတွင် ရုရှားက ပါဝင်ပတ်သက်မှုရှိလားဆိုသည်ကို စုံစမ်း စစ်ဆေးနေသည့် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ ရှေ့မှောက်တွင် ယမန်နေ့ထွက်ဆိုမှု၌ မန်ဖရာက လျှို့ဝှက် သဘောတူညီချက်များကို ကိုးကား၍ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မည်သည့် ပြည်နယ်များ ပစ်မှတ်ထားခံခဲ့ရသည်ကို ပြောကြားခဲ့ခြင်း မရှိချေ။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့များကမူ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိရန်အတွက် ရုရှားက ကြားဝင်ဆောင်ရွက်ပေးခဲ့သည်ဟု ယုံကြည်နေသည်။

“အခုအချိန်အထိ ပြည်နယ် ၂၁ ခုက ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့စနစ်တွေ ပစ်မှတ်ထားခံရတယ်ဆိုတဲ့ အထောက်အထား ကျွန်မတို့မှာ ရှိနေပါတယ်” ဟု မန်ဖရာက ပြောကြားခဲ့ပြီး၊ ကာကွယ်ရေးစနစ် ကောင်းသောကြောင့် မဲပေးမှုစနစ်တွင် ထိခိုက်မှုမရှိဟု ယုံကြည်ကြောင်း သူမက ဆိုသည်။

ရုရှားကမူ အမေရိကန်ရွေးကောက်ပွဲတွင် ၀င်ရောက်စွက်ဖက်မှုမရှိဟု အကြိမ်ကြိမ် ငြင်းဆိုထားပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့မှာ ရုရှားနှင့် ပူးပေါင်းခဲ့သည်ဆိုသော သတင်းများမှာ သတင်းလိမ်များဖြစ်သည်ဟု ပြောကြားထားသည်။

အိမ်ဖြူတော်အတွင်းရေးမှူး ရှောင်စပိုက်ဆာက ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှားက ၀င်ရောက်စွက်ဖက်မှု ရှိခဲ့သည်ဟု ထရမ့်က ယုံကြည်နေလားဆိုသည်ကို ဖြေဆိုရန် အင်္ဂါနေ့တွင် ငြင်းဆိုခဲ့သည်။

ကော်မတီမှ ထိပ်တန်း ဒီမိုကရက်အမတ် မာ့ခ်ဝါနာက တိုင်းပြည်မှာ လုံခြုံမှု မရှိတော့ဟု ပြောကြားခဲ့သည်။ ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် မာခရို ရူဘီယိုကလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

အရီဇိုးနားနှင့် အီလီနွိုက်စ်ပြည်နယ်များက ၎င်းတို့၏ မဲပေးပိုင်ခွင့်ရှိသူ စာရင်းသွင်းရေးစနစ်မှာ ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ပြီးခဲ့သည့်နှစ်တွင် အတည်ပြုခဲ့သည်။

Ref: BBC

Tags:

Comments are closed.