6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မွတ်စလင်များ တိုင်းပြည်အတွက် ပေးဆပ်မှုကို အသိအမှတ်ပြု

ဇွန် ၂၅၊ ၂၀၁၇
M-Media

– ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ တစ်လတာ ဥပုသ်သီလ ဆောက်တည်ခဲ့ကြပြီးတဲ့နောက် နိုင်ငံတော်တော်များများဟာ ဇွန်လ ၂၅ ရက်နေ့မှာ ၀ါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲနေကြပါတယ်။

 

ကမ္ဘာလူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ထူးမြတ်လှတဲ့ ဒီပွဲတော်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

၁။ ထရီဇာမေ (ဗြိတိန်ဝန်ကြီးချုပ်)

“အီဒွလ်ဖိသီရ်ပွဲတော်ကို ကျင်းပကြမယ့် ဗြိတိန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် နွေးထွေးတဲ့ ဆုမွန်ကောင်းတွေ ကျွန်မ တောင်းပေးလိုက်ပါတယ်။ ဗြိတိန်က ၃ သန်းကျော်သော မွတ်စလင်ပြည်သူတွေဟာ ကျွန်မတို့ရဲ့ အမျိုးသားတိုင်းပြည်အပေါ်မှာ ကြီးမားပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ပေးဆပ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အီးဒ်နေ့ဟာ အင်မတန်မှ ထူးခြားတဲ့နေ့ပါ။ ရမ်ဇာန်ဥပုသ်လမြတ်မှာ ၀တ်ပြုဆုတောင်းမှုတွေ၊ မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်း ပြုပြင်မှုတွေပြီးတဲ့နောက် အီးဒ်နေ့ဟာ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆင်နွှဲရမယ့် ပျော်ရွှင်စရာ အခါသမယလေး တစ်ခုပါပဲ” လို့ ဗြိတိန် ၀န်ကြီးချုပ်ရုံးရဲ့ တရားဝင် Facebook စာမျက်နှာ 10 Dowing Street မှာ လွှင့်တင်ထားတဲ့ အီးဒ်နေ့ နှုတ်ခွန်းဆက်ဗီဒီယိုမှာ ၀န်ကြီးချုပ်ထရီဇာမေက ပြောကြားခဲ့ပါတယ်။

နောက်ပြီး မတူကွဲပြားတဲ့ ဘာသာတရားတွေ၊ လူမျိုးတွေနဲ့ ညီညွတ်ပြီး ဒီမိုကရေစီ တိုင်းပြည်ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ ဂုဏ်ယူမိကြောင်း၊ ရမ်ဇာန်ဥပုလ်အတွင်းမှာ မွတ်စလင်တွေဟာ ဒီလမြတ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ အလှူဒါနပြုတာ၊ လိုအပ်နေသူကို ကူညီတာ၊ နေ၀င်ချိန်မှာ အတူတကွ ၀ါဖြေတာ စတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဘာသာစုံ လူမျိုးစုံကို ကူညီခဲ့ကြောင်း၊ ဒီလို ညီရင်းအကိုစိတ်ဓာတ်၊ အများအကျိုးဆောင်ရွက်လိုတဲ့ စိတ်ဓာတ်တွေဟာ ကြီးကျယ်တဲ့ ဘာသာတရားတိုင်းရဲ့ အနှစ်သာရဖြစ်ကြောင်း၊ ဒီလို စိတ်ဓာတ်တွေနဲ့ပဲ မိမိတို့အားလုံးဟာ စုစည်းညီညွတ်ကြရမှာဖြစ်ကြောင်း ၀န်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဖင်စ်ဘူရီပါ့ခ် ဗလီဝတ်ကျောင်းတော်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအပါအ၀င် ဇွန်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုဖြစ်ပွားမှုကို ထရီဇာမေက ထည့်သွင်းပြောကြားခဲ့ပြီး ဒီလိုတိုက်ခိုက်မှုတွေဟာ မိမိတို့ပြည်သူတွေကို သွေးကွဲစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ပိုမိုစည်းလုံးမှုနဲ့ ဒီလုပ်ရပ်တွေကို တုန့်ပြန်သွားရမှာဖြစ်ကာ အမုန်းတရားတွေ၊ မကောင်းမှုတွေဟာ ဘယ်တော့မှ မအောင်မြင်ဘူးဆိုတာကို သက်သေပြရမှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

“ဒီလို စုစည်းညီညွတ်တဲ့ စိတ်ဓာတ်နဲ့အတူ ဗြိတိန်ပြည်သူတွေကိုယ်စား ပျော်ရွှင်၊ ငြိမ်းချမ်းတဲ့ အီးဒ်ပွဲတော် ဖြစ်ပါစေလို ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်”

၂။ ဂျပ်စတင် ထရူဒူ (ကနေဒါဝန်ကြီးချုပ်)

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူရဲ့ ရုံးကလည်း အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ကြေငြာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပြီး မွတ်စလင်တွေအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

“ဒီနေ့ည နေ၀င်တဲ့အချိန်မှာ ကနေဒါနဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေဟာ ၀ါကျွတ်အီးဒ်ပွဲတော် အီဒွလ်ဖိသီရ်ကို ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ အီဒွလ်ဖိသီရ်ဟာ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် အရေးပါဆုံး ဘာသာရေး ပွဲတော်ဖြစ်ပြီး၊ ရမ်ဇာန်ဥပုသ်လ ကုန်ဆုံးသွားတဲ့ အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ ရမ်ဇာန်လမြတ်အတွင်း ရရှိခဲ့တဲ့ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ ကောင်းချီးမင်္ဂလာတွေကို ကျေးဇူးတင်တဲ့ အခါသမယလည်းဖြစ်ပါတယ်”

“ဒီအခါသမယမှာ မိသားစုတွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေဟာ မနက်ပိုင်း အထူးဝတ်ပြုမှုကို သွားရောက်ကြပြီး အပြန်အလှန် နှုတ်ဆက် ဆုမွန်ကောင်းတောင်းတာ၊ လက်ဆောင်ပဏ္ဍာ လဲလှယ်တာ၊ တစ်ခြားသူတွေ- အထူးသဖြင့် ကံမကောင်း အကြောင်းမလှသူတွေကို ရက်ရက်ရောရာ ဒါနပြုတာ၊ အစားအသောက်တွေ မျှဝေတာတွေကို လုပ်ဆောင်ကြပါတယ်”

“ကနေဒါနိုင်ငံမှာ ဘာသာလူမျိုးပေါင်းစုံ မတူကွဲပြားစွာ ညီညွတ်မှုဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အကြီးအကျယ်ဆုံး အင်အားနဲ့ ဂုဏ်ယူဖွယ်ရာ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့တိုင်းပြည် တည်ထောင်မှု နှစ်ပေါင်း ၁၅၀ ပြည့်ခဲ့ပြီး တိုင်းပြည်တည်ဆောက်မှုမှာ မွတ်စလင်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပေးဆပ်မှုတွေကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်”

“ကျွန်တော်တို့မိသားစုကိုယ်စား ကျွန်တော်နဲ့ ဆိုဖီဟာ အီဒွလ် ဖိသီရ်ပွဲတော် နွှဲပျော်ကြမယ့် မွတ်စလင်တွေအတွက် ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်”

“အီးဒ် မူဘာရက်ပါ ခင်ဗျာ”

၃။ ဒေါ်နယ်ထရမ့် (အမေရိကန်သမ္မတ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

“အမေရိကန်ပြည်သူတွေကိုယ်စား မီလာနီယာနဲ့ ကျွန်တော်ဟာ အီဒွလ်ဖိသီရ်ပွဲတော် ဆင်နွှဲကြမယ့် မွတ်စလင်တွေအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဒီလိုနေ့မျိုးဟာ ခွင့်လွှတ်မှု၊ မေတ္တာတရားနဲ့ ကောင်းမွန်တဲ့ စိတ်ထားတွေ ထားရှိဖို့ ကျွန်တော်တို့ကို သတိပေးတဲ့နေ့လည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေနဲ့အတူ ဒီတန်ဖိုးတွေကို အလေးထားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကိုလည်း ထပ်လောင်း အသိပေးလိုပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရကိုယ်စား အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကမ္ဘာတစ်ဝှမ်းက အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲကြမယ့် မွတ်စလင်တွေအတွက် ဆုမွန်ကောင်းတောင်းပါတယ်လို့ အမေရိကန်အစိုးရရဲ့ တရားဝင် ၀ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၎။ လီရှန်လွန်း (စင်ကာပူဝန်ကြီးချုပ်)

“မွတ်စလင်သူငယ်ချင်းတွေအားလုံး ‘ဆလာမတ် ဟာရီရာယာပါ’ လို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ဒီပွဲတော်ရဲ့ နှစ်သာရကို လွှမ်းခြုံပြီး၊ Geylang Serai မှာလည်း ကြက်ပျံမကျ စည်ကားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ရမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ပြီးတဲ့နောက်ပိုင်း ချစ်ရသောသူတွေနဲ့အတူ ကောင်းချီးမင်္ဂလာပြည့်ဝပြီး ပျော်ရွှင်စရာ ပွဲတော်အခါသမယ ဖြစ်ပါစေကြောင်း ဆန္ဒပြုပါတယ်” လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သူ့ရဲ့ တရားဝင် Facebook စာမျက်နှာကနေပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

၅။ မဟာမာဒူ ဘူဟာရီ (နိုက်ဂျီးရီးယားသမ္မတ)

အာဖရိကရဲ့ စီးပွားရေးအကြီးမားဆုံး နိုက်ဂျီးရီးယားနိုင်ငံက သမ္မတ ဘူဟာရီကလည်း ၀ါကျွတ်းအီးဒ်နေ့မှာ နိုင်ငံအတွင်းက ပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

“နောက်ထပ် ရမ်ဇာန်ဥပုသ်လမြတ်တစ်ခုကို အောင်မြင်စွာ အဆုံးသတ်နိုင်အောင် ဖေးမပေးခဲ့တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂရုဏာတော်အတွက် ကျေးဇူးတင်ရှိပါတယ်။ အီဒွလ်ဖိသီရ် အခါသမယမှာ နိုက်ဂျီးရီးယားက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းမှု၊ စိတ်ရိုင်းကို ချွန်းအုပ်နိုင်မှု၊ ၀တ်ပြုဆုတောင်းမှု၊ ချို့တဲ့သူတွေ၊ လိုအပ်နေသူတွေကို အလှူဒါနပြုမှု စတဲ့ ရမ်ဇာန်ကပေးတဲ့ သင်ခန်းစာတွေဟာ ဘ၀တစ်လျှောက်လုံး ကျွန်တော်တို့နဲ့တူ ရှိနေပါစေလို့လည်း ဆုတောင်းပတ္တနာ ပြုအပ်ပါတယ်”

၆။ ဆလ်မန် ဘင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ် (ဆော်ဒီဘုရင်)

မန့ကပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ဘုရင်ဆလ်မန်က ရမ်ဇာန်ဥပုလ် ပြီးဆုံးသွားတဲ့နောက်ပိုင်း ပျော်ရွှင်စရာ ပွဲတော်နေ့ကို ပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အစ္စလာမ့်တိုင်းပြည်က ခေါင်းဆောင်တွေကိုလည်း အီးဒ်နေ့ နှုတ်ခွန်းဆက်စကား ပို့သပါကြောင်း ပြောကြားခဲ့ပါတယ်။

၇။ မာဆွတ် ဘာရ်ဇာနီ (ကာ့ဒ်ဒေသ သမ္မတ)

“ရမ်ဇာန်လမြတ်ပြီးတဲ့နောက်ပိုင်း ရောက်ရှိလာတဲ့ ဒီပွဲတော်မှာ ကာ့ဒ်ဒေသနဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် နွေးထွေးတဲ့ ဆုမွန်ကောင်းကို တောင်းလိုက်ရပါတယ်” လို့ ဘာရ်ဇာနီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

နောက်ပြီး ၂၀၁၄ ခုနှစ်ကတည်းက IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရေး ကျဆုံသွားကြတဲ့ အာဇာနည် သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုကြောင်း သမ္မတက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Ref: 10 Dowing Street Facebook Page, pm.gc.ca, ndtv, state.gov, Facebook page of Lee Hsien Loong, africatimes, arab news, rudaw.net

Comments are closed.