6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၉၊ ၂၀၁၇
M-Media

ထောက်ကြံ့ စစ်သင်္ချီုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်ပေါင်း ၂၇၀၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေ တည်ရှိပြီး အများစုကတော့ ဂေါ်ရခါးစစ်သည်တွေ ဖြစ်ပါတယ်။

– နောက်ပိုင်းမှာ ထုတ်ဝေဖို့ရှိနေတဲ့ ဂေါ်ရခါးလူမျိုးတွေအကြောင်း စာအုပ်နဲ့ပတ်သက်လို့ အချက်အလက်တွေစုဖို့ ပါမောက္ခ ဗိုလ်မှူးကြီး ခင်ဇော်နဲ့ဇနီး ပါမောက္ခ ဗိုလ်မှူးကြီး ကေသီထွန်းတို့ရဲ့ အကြံပြုချက်အရ မကြာသေးမီက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံဟာ ကျွန်တော့်အတွက်တော့ မေ့လို့မရတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ထောက်ကြံ့ စစ်သင်္ချီုင်းကို ပထမဆုံးအကြိမ် ကျွန်တော်ရောက်ခဲ့ပြီး နိုင်ငံအတွင်းမှာ အကြီးမားဆုံး သင်္ချီုင်းကြီးလည်း ဖြစ်ပါတယ်။ အဲဒီမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်ပေါင်း ၂၇၀၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေ တည်ရှိပြီး အများစုကတော့ ဂေါ်ရခါးစစ်သည်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဂေါ်ရခါးလူ့အဖွဲ့အစည်းက သက်ကြီးရွယ်အိုတွေရဲ့ ပြောကြားမှုအရ ဂေါ်ရခါးလူမျိုးတွေဟာ မြန်မာနိုင်ငံကို ၃ သုတ်ခွဲပြီး ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံးအသုတ်ကို တနင်္သာရီ တိုင်းဒေသကြီးက ဟိုင်ဒါ သတ္တုတွင်းလုပ်ငန်းမှာ အလုပ်လုပ်ဖို့ အရှေ့အိန္ဒိယကုမ္ပဏီက ၁၈၂၄ ခုနှစ်ကနေ ၁၂၈၄ ခုနှစ်အတွင်း ခေါ်ဆောင်လာခဲ့တာပါ။ ဒုတိယအသုတ်က အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ကနေ ရောက်လာပြီး စိမ်းလမ်းတဲ့ စားကျက်မြေရှိရာ ကချင်နဲ့ ချင်းတောင်တန်းဒေသတွေမှာ အခြေချ နေထိုင်ခဲ့ကြပါတယ်။ တတိယအုပ်စုကတော့ ၁၈၅၂ ခုနှစ်မှာ ဗြိတိသျှစစ်တပ်နဲ့အတူ စစ်သားတွေ၊ လုံခြုံရေးအစောင့်တွေ၊ သတ္တုတွင်းတူးသူတွေ လယ်သမားတွေနဲ့ ဥယျာဉ်မှူးတွေအဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဗြိတိသျှရဲ့ ကိုလိုနီပြုမှုဟာ ၁၈၈၅-၁၈၈၆ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး ဘုရင်ခံ လော့ဒ် ဒက်ဖရင်နဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ၀ိတိုရီယဘုရင်မကြီးကို ဆက်သခဲ့ပါတယ်။

၁၉၄၂ ခုနှစ်မှာ ဂျပန်တွေ မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ ဗြိတိသျှဟာ တိုင်းပြည်ကိုပြန်ရဖို့ ၁၉၄၄ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ထိုးစစ် ၃ ကြိမ် ပြုလုပ်ခဲ့ရပြီး ရခိုင်၊ မန္တလေးနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က အင်ဖာလ်မြို့တို့မှာ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲ ၃ ခုဟာ ဂျပန်ရဲ့အုပ်စိုးမှုကို အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပြီး၊ ဒီတိုက်ပွဲတွေ အနိုင်ရမှုမှာ ဂေါ်ရခါးတပ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို Victoria Cross ဆုတံဆိပ်တွေကိုလည်း အမြောက်အများ ရခဲ့ပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်အောက်ဆန်းရဲ့ မေတ္တာရပ်ခံမှုနဲ့အတူ အမှတ် ၄ ဂေါ်ရခါးတပ်ရင်းကို ဖွဲ့စည်းခဲ့ပြီး၊ ပြည်တွင်းစစ်အတွင်း တိုင်းပြည်ကို ကယ်တင်ရာမှာ ဒီတပ်ရင်းက အရေးပါတဲ့နေရာကနေ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တရုတ်ဖြူတိုက်ပွဲ

ဂျပန်တွေ၊ ပြည်တွင်းသောင်းကျန်းသူတွေကို တိုက်ဖျက်ရုံတင် မကဘဲ မြန်မာနိုင်ငံက ဂေါ်ရခါးတွေဟာ တရုတ်ဗိုလ်ချုပ် ချန်ကေရှိတ်ရဲ့ ကူမင်တန် တရုပ်ဖြူတပ်တွေကို တိုက်ထုတ်ပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ဆွတ် ဘဟာဒူးရ် ရိုင်းဟာ တိုင်းပြည်ရဲ့ စစ်ရေးဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ကို ရခဲ့ပါတယ်။

သမိုင်းကြောင်းအရ ဂေါ်ရခါးလူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်တာမျိုး၊ သတ္တုတွင်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ဟာ စီးပွားရေး၊ ပညာရေးနဲ့ ဆေးဘက်ဆိုင်ရာတွေ အပါအ၀င် နယ်ပယ်ပေါင်းစုံမှာ လုပ်ကိုင်နေကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ၁ သိန်းလောက်ရှိတဲ့ ဂေါ်ရခါးလူ့အဖွဲ့အစည်းမှာ အထင်ရှားဆုံးကတော့ ဒုတိယဗိုလ်မှူးကြီး ဇေယျကျော်ထင် သူရ လက်စ် မန် ရိုင်းပဲ ဖြစ်ပါတယ်။ အခြား ထင်ရှားတဲ့ ဂေါ်ရခါးလူမျိုးတွေထဲမှာ မန္တလေးတက္ကသိုလ်ရဲ့ ဓာတုဗေဒဌာနကို တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ပါမောက္ခ အတ္တာဆင်းလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံက ဂေါ်ရခါးလူ့အဖွဲ့အစည်းဟာ စာပေနယ်ပယ်မှာလည်း ထူးချွန်ပြီး မြန်မာ၊ ဂေါ်ရခါး ဘာသာစကားနဲ့ စာအုပ်ထုတ်ဝေတဲ့ စာရေးဆရာတွေလည်း ရှိနေကာ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ နိုင်ငံတစ်ဝှမ်း ဂေါ်ရခါးကျောင်းပေါင်း ၂၆၇ ကျောင်းနဲ့ ဘုရားကျောင်း ၃၁၃ ကျောင်းလောက်ရှိပါတယ်။ စုစုစည်စည်းရှိကြတဲ့ ဒီလူ့အဖွဲ့အစည်းဟာ သူတို့ရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဘာသာစကားတွေကို ဆက်လက် ထိန်းသိမ်းထားကြဆဲ ဖြစ်ပြီး နီပေါနိုင်ငံကနေ ကမ္ဘာအနှံ့ ရောက်ရှိနေတဲ့ ဂုဏ်ယူစရာအကောင်းဆုံး ဂေါ်ရခါလူ့အဖွဲ့အစည်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

Ref: Asia Times

(Asia Times မှ Meet the proud Gurkha community of Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.