6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၀၊ ၂၀၁
M-Media

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံစဉ်

– ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသသည်တွေကို ပြန်ခေါ်ရေး မြန်မာနိုင်ငံကို ဖြောင်းဖျေပးဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက UNHCR နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုင် ဂရန်ဒီနဲ့ မနေ့ကတွေ့ဆုံစဉ်မှာ ၀န်ကြီးချုပ်က ဒီလိုပြောကြားလိုက်တာပါ။

ကာလရှည်နေပြီဖြစ်တဲ့ ဒီ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ဆိုရင် မြန်မာနိုင်ငံသားတွေ သူတို့နိုင်ငံကို ပုံမှန်ပြန်လည်လွှဲပြောင်းပေးရေး ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဟာဆီနာက ပြောကြားခဲ့ကြောင်း ၀န်ကြီးချုပ်ရဲ့ ပြန်ကြားရေးဝန်ကြီ အဟ်ဆာနူလ် ကရင်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူမှုစီးပွားပြဿနာတွေ ကြုံတွေ့နေရကြောင်း၊ မြန်မာဒုက္ခသည်တွေကို ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ ကျွန်းတစ်ချို့ကို့ အစိုးရက သတ်မှတ်ပေးထားပြီး လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ၊ အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ဖန်တီးပေးသွားဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် အရေအတွက်ဟာ ၄ သိန်းကျော်လောက်ရှိပြီး ၄ သောင်းကျော်လောက်သာ မှတ်ပုံတင်ထားတယ်လို့ ဘင်္ဂလားဒေ့ရှက်က ထုတ်ပြန်ထားပါတယ်။

ရှိခ်ဟာဆီနာက စစ်တကောင်းတောင်တန်းကလူမျိုးတွေရဲ့ သူပုန်ထမှုကိစ္စ အိန္ဒိယနဲ့ ညှိနှိုင်းဆွေးနွေးမှုကနေ ဖြေရှင်းနိုင်ခဲ့တာကို ထောက်ပြခဲ့ပြီး သူတို့နိုင်ငံက ဒုက္ခသည်တွေကို သူတို့ ပြန်ခေါ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မြေကို သူပုန်တွေအသုံးချနေတာကို ရပ်တန့်ဖို့ ခိုင်ခိုင်မာမာဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ်က ကုလမဟာမင်းကြီးကို ထပ်မံပြောကြားခဲ့ပြီး၊ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်တွေနဲ့ ဆက်ဆံရေးကောင်းရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနဲ့ ဆွေးနွေးမှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံရဲ့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေး ကူညီနိုင်သမျှကို ကူညီပေးဖို့ ပြောကြားခဲ့ပြီး၊ မြန်မာဒုက္ခသည်တွေကို လက်ခံကာ ကူညီပေးထားတဲ့အတွက် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ ကျေးဇူးတင်ခဲ့ပါတယ်။

Ref : bdnews24

 

Comments are closed.