6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၀၊ ၂၀၁၇
M-Media

အစွန်းရောက်ဘုန်းကြီး Maagalkande Sudaththa

– လူနည်းစု တမီလ်လူမျိုးများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုပေးရေး အစိုးရ၏ ဆောင်ရွက်မှုကို တားဆီးရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု သီရိလင်္ကာရှိ အစွန်းရောက်ဘုန်းကြီးများက ပြောကြားလိုက်သည်။

သီရိလင်္ကာအစိုးရမှာ တမီလ်လူမျိုးများနှင့် အာဏာမျှဝေရေး သဘောတူညီချက်သစ်တစ်ခု ရယူကာ မူကြမ်းကိုလွှတ်တော်တွင် တင်သွင်းဆွးနွေးနေပြီး နာမည်ကြီး အစွန်းရောက်ဘုန်းကြီး Maagalkande Sudaththa က သီရိလင်္ကာ၏ လူများစု ဆင်ဟာလီလူမျိုးများ၏ အကျိုးစီးပွားအတွက် အဆိုပါဆောင်ရွက်ချက်ကို တားဆီးသွားမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

“ဒီအဆိုပြုထားတဲ့ မူကြမ်းရဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ဘုန်းကြီးတွေက တစ်နေရာပြီးတစ်နေရာ သွားကာ နောက်လိုက်တွေကို ပညာပေးမှာပါ” ဟု Sudaththa က ကိုလံဘိုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် လွှတ်တော်တွင် ထိုမူကြမ်းကို တင်သွင်းသည့် ဆင်ဟာလီအမတ်များမှာ အသိဉာဏ်ကင်းမဲ့ပြီး၊ ပညာမတတ်သူများဖြစ်သည်ဟုလည်း အဆိုပါဘုန်းကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

“အရေးပါတဲ့ကိစ္စတွေကို ဆွေးနွေးတဲ့အချိန်မှာ လွှတ်တော်က အမတ် ၇၀ ရာခိုင်နှုန်းက အိပ်ပျော်နေကြပါတယ်” သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာက လူနည်းစု တမီလ်များနှင့် အာဏာခွဲဝေရေး သဘောတူညီခဲ့ပြီးနောက် အမတ် ၂၅၅ ဦးပါဝင်သည့် လွှတ်တော်က ဥပဒေမူကြမ်းကို ဆွေးနွေးနေခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဝင်နှင့် ဆင်ဟာလီတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အာဏာရခဲ့သည့် ဆရီဆီနာမှ တမီလ်လူမျိုးများကို ထောက်ခံသူဖြစ်ပြီး ၎င်း၏ ကတိက၀တ်က သီရိလင်္ကာနိုင်ငံ ရေရှည်ငြိမ်းချမ်းရန်အတွက် နည်းလမ်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ထိုနိုင်ငံရေးစနစ်သစ်က ၁၉၇၂ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ လူပေါင်း ၁ သိန်းခန့်သေဆုံးခဲ့သည့် အစိုးရနှင့် တမီလ်ကျားသူပုန်များအကြား သွေချောင်းစီးစစ်ပွဲမျိုး ထိပ်မဖြစ်စေရေး တားဆီးနိုင်မည်ဟု သမ္မတက ဆိုသည်။

ဗုဒ္ဓဘာသာဝင် ၇၀ ရာခိုင်နှုန်းရှိသည့် သီရိလင်္ကာနိုင်ငံ တမီလ်လူမျိုးများမှာ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေထိုင်ကြသည်။

ဗုဒ္ဓဘာသာ အစွန်းရောက်ဘုန်းကြီးများမှာ တမီလ်များနှင့် မွတ်စလင်အများအပါအ၀င် အခြားသော တိုင်းရင်းသား လူနည်းစုများအတွက် အခွင့်အရေးပေးမှုကို တစ်စိုက်မတ်မတ် ဆန့်ကျင်ကန့်ကွက်လာကာ နိုင်ငံ၏ နိုင်ရေးနှင့် လူမှုရေးစနစ်တွင် ၀င်ရောက်စွက်ဖက်ခဲ့ကြသည်။

Ref: Press TV

Comments are closed.