6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၇၊ ၂၀၁၇
M-Media

– ပင်လယ်ကွေ့သံတမန်ပြဿနာ၏ အစဖြစ်သည့် ကာတာနိုင်ငံပိုင်သတင်းဌာန QNA ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ ယူအေအီး၏ လက်ချက်ဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်များ၏ ပြောကြားမှုကို ကိုးကား၍ ၀ါရှင်တန်ပို့စ်သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ကာတာခေါင်းဆောင် ရှိခ် တာမင် ဘင် ဟာမဒ် အလ်သာနီက ဟားမက်စ်ကို ချီးကျူးခဲ့ပြီး အီရန်မှာ အစ္စလာမ့်အင်အားကြီးနိုင်ငံဖြစ်သည်ဟု ပြောကြားခဲ့ကြာင်း ကာတာသတင်းဌာန၏ ၀က်ဆိုက်နှင့် ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ဖော်ပြမှုတစ်ခု မေလက ဖြစ်ပွားခဲ့ပြီး ထိုနောက်ပိုင်းတွင် ဆော်ဒီ၊ ယူအေအီး၊ အီဂျစ်နှင့် ဘာရိန်းတို့က ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံး ဖြတ်တောက်ကြောင်း ဇွန်လ ၅ ရက်နေ့တွင် ကြေငြာခဲ့သည်။

ကာတာကမူ အလ်သာနီမှာ ထိုစကားများကို ပြောကြားခဲ့မရှိဘဲ သတင်းဌာန၏ ၀ဘ်ဆိုက်မှာ ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရခြင်းသာဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

ဝါရှန်တန်ပို့စ်သတင်းဌာန၏ ဖော်ပြမှုတွင် အမေရိကန် ထောက်လှမ်းရေးတာဝန်ရှိသူများ ပြီးခဲ့သည့်တစ်ပတ်တွင် ဆန်းစစ်ခဲ့သော သတင်းအချက်အလက်အရ ယူအေအီး အစိုးရ တာဝန်ရှိသူများမှာ ထိုကိစ္စ မဖြစ်ပွားခင် တစ်ရက်အလို မေလ ၂၃ ရက်နေ့က ကာတာသတင်းဌာနကို တိုက်ခိုက်ရန် ဆွေးနွေးခဲ့ကြောင်းကို တွေ့ရသည်ဟု ဆိုသည်။

သို့သော်လည်း ယူအေအီးက ၀ဘ်ဆိုက်ကို ကိုယ်တိုယ် တိုက်ခိုက်ခဲ့လား၊ သို့မဟုတ် တစ်ခြားသူများကို ငွေပေး၍ လုပ်ခိုင်းခဲ့လားဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးဟု ၎င်းတို့က ပြောကြားခဲ့သည်။ မည်သူမည်ဝါက ပြောကြားခဲ့သည်ဆိုသည်ကို ၀ါရှန်တန်ပို့စ်က မဖော်ပြခဲ့ပေ။

အမေရိကန်ဆိုင်ရာ ယူအေအီးသံအမတ် ယူဆက်ဖ် အလ်-အိုတိုင်ဘာက ထိုသတင်းကို ငြင်းဆိုခဲ့ပြီး သတင်းမှားသာဖြစ်ကြောင်း၊ ကာတာမှာ တာလီဘန်မှ ဟားမက်စ်၊ ကဒါဖီအထိ အစွန်းရောက်သမားများကို ငွေကြေးထောက်ပံ့ခြင်း၊ ပံ့ပိုးခြင်းတို့ကို ပြုလုပ်ကြောင်း၊ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း၊ အစွန်းရောက်အောက် တိုက်တွန်းခြင်း၊ အိမ်နီးချင်းနိုင်ငံများ၏ တည်ငြိမ်မှုကို ပျက်ပြားအောင် ဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ဆောင်ကြောင်း ကြေငြာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ကာတာသတင်းဌာန၏ အဆိုပါ ဆိုက်ဘာတိုက်ခိုက်ခံရမှုအတွက် အမေရိကန် FBI က ကူညီစုံစမ်းပေးနေကြောင်း စောစောပိုင်းက သတင်းများထွက်ခဲ့သည်။

Ref: Aljazeera

 

Tags:

Comments are closed.