6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၇၊ ၂၀၁၇
M-Media

– အစ္စရေးနှင့် ပါလက်စတိုင်းအကြား နှစ်နိုင်ငံတည်ရှိရေးအဖြေကို အခြေခံသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်တန့်နေမှုကို ပြန်လည်စတင်ရန်အတွက် ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က တိုက်တွန်းလိုက်သည်။

ယမန်နေ့က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ပဲရစ်တွင် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး သံတမန်ရေးအရ တွန်းအားအဖြစ် ဆောင်ရွက်ပေးရန် အဆင်သင့်ရှိနေသည်ဟုလည်း ဆိုသည်။

“ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး အပြန်အလှန်အအသိအမှတ်ပြုမှု၊ လုံခြုံနဲ့ နယ်နမိတ်တွေနဲ့အတူ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံအတူတည်ရှိရေးဆိုတဲ့ အဖြေတစ်ခုကို ရှာနိုင်မယ့် မူဘောင်အောက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ဟု မာခရွန်က ပြောကြားခဲ့သည်။

ပြင်သစ်မှာ အခုနှစ်အစောပိုင်းက ထိုပြဿနာဖြေရှင်းရေး ဦးဆောင်ခဲ့သော်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်းမရှိဘဲ၊ မာခရွန်ကမူ ဆွေးနွေးမှုများကို ထပ်မံဦးဆောင်ရန် စိတ်အားထက်သန်မှုမျိုး မပြခဲ့ပေ။

ထို့ပြင် ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င် အခြေချအိမ်ယာများကို ဆက်လက်ဆောက်လုပ်နေမှုမှာ ဆွေးနွေးညှိနှိုင်းမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခြိမ်းခြောက်လာနိုင်သည်ဟု မာခရွန်က ထည့်သွင်း သတိပေးခဲ့သည်။

နေတန်ယာဟုက အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး မိမိတို့နှစ်ဦးမှာ အမြင်တူသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် မာခရွန်က အသေးစိတ် ပြောကြားခဲ့ခြင်းမရှိဟု ဆိုသည်။

ပြင်သစ်သမ္မတရုံးက မိမိတို့အနေဖြင့် အစ္စရေး၏ လုံခြုံရေးကို စိုးရိမ်သော်လည်း နှစ်နိုင်ငံတည်ရှိရေး ကတိက၀တ်နှင့် ဆန့်ကျင်သော လုပ်ရပ်များကို နေတန်ယာဟုက ကျောထောက်နောက်ခံပြုနေမှုအတွက် စိုးရိမ်မှုဖြစ်ရသည်ဟု ထုတ်ပြန်ခဲ့သည်။

ပြင်သစ်သို့ နေတန်ယာဟု လာရောက်မှုကို ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြပြီး ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အိမ်ယာများ ဆောက်လုပ်နေမှု၊ ဂါဇာအား ပိတ်ဆို့ထားမှုများအတွက် ဝေဖန်ခဲ့သည်။

Ref : Aljazeera

Comments are closed.