ဇူလိုင် ၃၀၊ ၂၀၁၇
M-Media
– အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင်တွေဟာ နှစ်စဉ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ နဂ်ပန်ချာမီလို့ခေါ်တဲ့ မြွေပွဲတော်ကို ကျင်းပကြပါတယ်။
ဘာသာရေးနဲ့ ဖျော်ဖြေရေးရောစပ်ထားတဲ့ ဒီပွဲတော်ဟာ နိုင်ငံတစ်ဝှမ်းက မြွေလမ္ပာယ်ဆရာတွေ၊ မြွေကို လေးစားကြည်ညိုသူတွေ၊ မြွေချစ်သူတွေ လက်လွတ်မခံကြတဲ့ ပွဲတော်တစ်ခုပါ။
မြွေဆရာတွေရဲ့ ပညာစွမ်းအမျိုးမျိုးကို တွေ့မြင်ရမှာဖြစ်သလို၊ ကလေးပါမကျန် ကြည်ညိုသူတွေက မြွေတွေကို ထိတွေ့ကိုင်တွယ်ကာ ကောင်းချီးခံယူမှုကိုလည်း တွေ့မြင်နိုင်ပါတယ်။
ဒီဗီဒီယိုကတော့ မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ မြွေပွဲတော် ပုံရိပ်တစ်ချို့ ဖြစ်ပါတယ်။
Comments