ဆေးရုံ၊ ရဲစခန်း၊ တရားရုံး စသည်တို့သည် လူတိုင်းမသွားချင်ဆုံးသော နေရာများဖြစ်ကြ ပါသည်။ သို့သော် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ထိုနေရာများသို့ မသွားချင်ပေမယ့် လည်း သွားခဲ့ကြရသူတွေ ရှိကြပါသည်။ ဇူလိုင်လ နောက်ဆုံး အပတ်လောက်က စာရေးသူသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊စံပြ ဆေးရုံကြီးကို ရောက်ရှိခဲ့ပါသည်။ ထိုစံပြ ဆေးရုံကြီးကို ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ပြီး လူနာကုတင် ၅၀၀ ဆံ့ အ တွက်ရည်ရွယ်ခဲ့ပါသည်။ စံပြဆေးရုံကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် တွင် ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်(၂) နှင့် ချိတ်ဆက်ထားသော ဆရာဝန်လောင်းများအ တွက် ဆေးကျောင်းတော်ကြီး တစ်ခုလည်းဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ လူအသက်ပေါင်းများစွာကို ကယ်တင်ပေးနေသော နေရာလည်းဖြစ်ပါသည်။
စာရေးသူ၏ တူတစ်ယောက် အစာအိမ် အူအတက်ရောင်၍ စံပြပြည်သူ့ဆေးရုံကြီးသို့ ည ၁၀ နာရီတွင်တင်ပြီး အရေးပေါ်ခွဲစိတ်ကုသမှု့ခံလိုက်ရပါသည်။ လူနာကြည့်ရန် ခွဲစိပ်ပြီး နောက်နေ့ ဆေးရုံသို့ရောက်ရှိခဲ့ပါသည်။ ခွဲစိပ်လူနာများအား ဒုတိယထပ် အဆောင်(B) တွင် ထားရှိပြီး စိုးရိမ် စရာမလိုသော ခွဲစိတ်ခံလူနာများအား အပေါ်ဆုံးထပ် တိုးချဲ့ဆောင်သို့ ပို့ထားလေ့ရှိပါသည်။
အရပ်သားအစိုးရလက်ထက်တွင် အပြုသဘောဆောင်သော တိုးတက်မှု့များကို တင်ပြရ လျှင် တာဝန်ကျဆရာဝန်များ၊ သူနာပြုများသည် လူနာများနှင့် လူနာရှင်များအား ကောင်းမွန်စွာ ဆက်ဆံပါသည်။ ဆေးရုံအတွင်းအပြင် သန့်ရှင်းမှုများလည်း အတော်အတန် ရှိသည်ကို တွေ့ရပါ သည်။ တာဝန်ရှိသူများကို အကြံဥာဏ်ပေးရန် အကြံပေးစာများထည့်ရန် Box ကိုလည်း တွေ့ရပါ သည်။ လေးထောင့်ကန်၊ပဲခူး၊ကော့မှူး စသည်တို့မှလာသော လူနာများကိုတွေ့ရပါသည်။ လူနာ များအတွက် အချို့ဆေးဝါးများကို ဆေးရုံက အခမဲ့ ပေးပါသည်။ အချို့ဆေးဝါးများကို ပြင်ပဆေး ဆိုင်များမှဝယ်ယူပေးရပါသည်။ အစစအရာရာ ကုသစရိတ်များလွန်းလှသော ပုဂ္ဂလိကပိုင် အထူးကု ဆေးရုံများထက် စာလျှင် စံပြဆေးရုံလို ပြည်သူ့ဆေးရုံမျိုးသည် အခြေခံလူတန်းစားများ အတွက် အတိုင်းအတာ တစ်ခုထိ ခရီးရောက်နေသည်ကို စာရေးသူတင်ပြချင်ပါသည်။ ရပ်ဝေးလူနာများ၊ ထမင်းစားချိန်တွင် စားစရာအခက်အခဲရှိလျှင် ပရဟိတ အလှူရှင်များက မကြာခဏ လာရောက် လှူဒါန်းကြသည်ကိုလည်းတွေ့ရပါသည်။
တက်ရောက်နေကြသည့် တက်ရောက်နေကြသည့် လူနာများမှာ ၁၀၀၀ ကျော်ပင်ရှိနိုင်ပါသည်။ ထို့ ကြောင့် ကျန်းမာရေးဝန်ထမ်း အင်အား၊အတိုင်းအတာ၊တစ်ခုထိ အားနည်းနေသည်ကိုလည်း အကြံ ပြုခဲ့ပါသည်။
စိတ်ပျက်စရာမြင်ကွင်းတချို့ကိုတင်ပြရလျှင် ထိုခွဲစိတ်လူနာဆောင်တွင် အရက်နာကျပြီး တက်ရောက်ကုသနေသော လူနာအချို့သည် ဆရာဝန်၊သူနာပြုများ အလစ်တွင် အရက်ခိုးသောက် ပါသည်။ Maskများတတ်ထား၍ တာဝန်ကျ သူနာပြုများ အရက်နံ့မရကြသော်လည်း ဘေးရှိ လူနာ နှင့် လူနာစောင့်များ အရက်နံ့ မွှန်ထူနေသောကြောင့် စိတ်သောက ရောက်ရပါသည်။ ဆေးရုံလာတက်ကြသည့် လူနာများနှင့် လူနာအကူမိသားစုဝင်တိုင်း သောကမီး၊ ဒုက္ခမီးများကို ရင်ဆိုင်ဖြတ် သန်း ကျော်ဖြတ်ရန် ရောက်ရှိလာကြသူများသာဖြစ်ကြပါသည်။
ထို့အပြင် ပြည်သူ့ဆေးရုံသို့ လူနာအကူပုံစံ လူနာသတင်းမေးပုံစံဖြင့် လာရောက်ကြသူများ ထဲတွင် အုတ်ရောရော၊ ကျောက်ရောရောပုံစံဖြင့် “သူခိုးတောကြောင်များ” ခြေရှုပ်နေသည်ကို တစ်လကျော်ကြာ လူနာစောင့်အနေဖြင့် စံပြဆေးရုံကြီးတွင် ရှိနေသူတစ်ဦးက စာရေးသူအား ပြောပြခဲ့ပါသည်။ လက်တွေ့သာဓက တစ်ရပ်အနေဖြင့် ဇူလိုင်လ ၃၀ ရက်တွင် စံပြဆေးရုံ ခွဲစိပ်လူ နာဆောင်သို့ လူနာစောင့်ပုံစံမျိုးဖြင့် ဇနီးမောင်နှံ နှစ်ဦး ရောက်ရှိလာပါသည်။ ဇနီးဖြစ်သူက “သူတို့ သည် ပဲခူးမှလာခဲ့ကြကြောင်း ရွာသာကြီးဘူတာတွင် ငွေ၅ သောင်း အခိုးခံခဲ့ရကြောင်း” အနီးအနား ရှိသူများအား သနားစဖွယ်ကြင်နာအောင် ဟိတ်ဟန်ထုတ်၍ ရှင်းပြပါသည်။ ထိုအချိန်တွင် တော် ဝင်ဖောင်ဒေးရှင်းမှ လူနာများနှင့် လူနာစောင့်များအား စတုဒိသာကျွေးသည့်အပြင် ခြုံစောင်တစ် ထည်နှင့် ထီးတစ်လက်ကိုပါ လှူဒါန်းနေပါသည်။
ခင်ပွန်းဖြစ်သူသည် ထိုစတုဒိသာထုတ်များ၊ထီးနှင့်စောင်ကိုတောင်းယူပြီး ခွဲစိပ်လူနာဆောင် ဒုတိယထပ်သို့ တက်လာပြန်သည်။ ထို့နောက်အိပ်ပျော်နေသော လူနာတစ်ဦးအနီးတွင် တင်ထားသော mobile handset တစ်ခုအား လူနာစောင့်ဂိုက်ဖမ်း၍ ခိုးယူသွားခဲ့သည်ကို ခပ်လှမ်း လှမ်းမှ လူနာအချို့နှင့်လူနာစောင့် အချို့တွေ့မြင်ခဲ့ပါသည်။ အချိန်တော်ကြာပြီး ဖုန်းခိုးခံရသူ လူနာ အိပ်ယာမှနိုးလာသောအခါကျမှ ဖုန်းယူသွားသူသည် လူနာရှင်၊လူနာစောင့် မဟုတ်ဘဲ လူနာစောင့် ဟန်ဆောင်ထား ခိုးယူသွားမှန်း သိလိုက်ရပေသည်။
ယခုလို စီးပွားရေးအကြပ်အတည်းများ၊ လူအများစု ရင်ဆိုင်နေရချိန် ကျန်းမာရေးပြဿနာ များကြောင့် ပြည်သူ့ဆေးရုံကြီးများသို့ အားကိုးတကြီး ဆေးကုသမှု့ခံယူရန် တက်ရောက်ကုသမှု့ ခံကြသောအခါ ဆေးရုံတက်နေစဉ်ကာလ အအိပ်ပျက်၊ အစားပျက် သောကမီးတောက်လောင်နေ သောအခါတွင် ဆေးရုံပေါ်တွင် ကျင်လည်ကျက်စာား အမြှီးရ၊ အမြှီးစား၊ ခေါင်းရ၊ခေါင်းစား နေကြ သော သူခိုးတောကြောင် လူတန်းစားများသည် လူနာဆောင် အသီးသီးသို့ တစ်ခန်းဝင် တစ်ခန်း ထွက် လှည့်လည်ကာ လစ်ရင် လစ်သလို လူနာများ လူနာရှင်များ၏ ဖုန်းဟမ်းဆက် စသည့် ပစ္စည်း များကို ခိုးယူနေကြောင်း စာရေးသူ စုံစမ်းသိရှိရပါသည်။ နေ့စဉ်ဆိုသလို အဆောင်တိုင်းမှ ဖုန်း ပျောက်သူများရှိနေပါသည်။
ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်သည့်အခါ ဆေးရုံများပေါ်ရှိ တော ကြောင်များ၏ အန္တရာယ်မှ ကင်းဝေးစေရန် အသိ သတိရှိဖို့လိုနေပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုက် ပါသည်။
လေးစားလျက်
ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)
Comments