သြဂုတ် ၃၊ ၂၀၁၇
M-Media
– လန်ဒန်မြို့အရှေပိုင်းက ထင်ရှားတဲ့ Shoreditch နေရာလေးမှာ Halal Gems Street Eats ဆိုတဲ့ အမည်နဲ့ ဟာလာလ်အစားအစာ ပွဲတော်လေးတစ်ခု ကျင်းပနေပါတယ်။
အမေရိကန်ဘာဂါ၊ ပါရှန် ရေခဲမုန့်၊ မြောက်အာဖရိက နို့ခဲကျော်ကနေ မြန်မာအုန်းနို့ခေါက်ဆွဲအထိ ရရှိနိုင်တဲ့ ဒီဈေးတန်းလေးဟာ ကမ္ဘာတစ်ဝှမ်းက စားချင်စဖွယ် အစားအသောက်တွေ စုဝေးရာ နေရာတစ်ခုဖြစ်ပြီး လန်ဒန်သူလန်ဒန်သားတွေ ကြိုက်နှက်သက်ရာ ဈေးတန်းလေးလည်း ဖြစ်ပါတယ်။
ဒီပွဲတော်လေးမှာ အစားအသောက်တွေကို စားသုံးသူတွေ စိတ်ဝင်စားအောင်၊ အရသာရှိအောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်လဲ၊ စားသုံးသူတွေရဲ့ တုန့်ပြန်မှုတွေက ဘယ်လိုရှိလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Comments