6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၅၊ ၂၀၁၇
M-Media

Photo credit – Frontier

– မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်အား တောင်းဆိုမှုပမာဏဟာ နှစ်စဉ် ၁၃ ရာခိုင်နှုန်းလောက် တက်လာဖို့ရှိနေပြီး ဒါဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်ဟာ ၄၅၀၀ မီဂါဝပ် ရှိမှာဖြစ်ပြီး ၂၀၃၀ ရောက်ရင်တော့ ၁၃၄၁၀ မီဂါဝပ်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လက်ရှိမှာ ဘာအစီအစဉ်မှ မရှိသေးပါဘူး။

အရင်က စွမ်းအင်နဲ့ပတ်သက်ပြီး နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပေမယ့် အစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေအကြား အပေါ်လစီအကြီးအကျယ် ပြောင်းလဲမှုတွေ၊ ရှင်းလင်းမှုမရှိတဲ့ ပေါ်လစီတွေကြောင့် ဒါတွေကလည်း ရပ်တန့်သွားပါတယ်။ ပေါ်လစီ တစ်သတ်မတ်တည်း မရှိတာ၊ စီမံကိန်းအတွက် အဆိုပြုထားတဲ့ ဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စီမံကိန်းတွေအတွက် နှစ်ရှည်ချေးငွေတွေရဲ့ ပျမ်းမျှအတိုးနှုန်းတွေကလည်း တက်လာပါတယ်။ လုပ်ဖို့ရှိနေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကလည်း လျှပ်စစ်ပေးနိုင်ဖို့အတွက် အနည်းဆုံး ၅ နှစ်လောက် ကြာနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာအတွက် ရေတိုဖြေရှင်းရေးကိုလည်း စီစဉ်ထားပါတယ်။ အဲဒီ နည်းလမ်းတွေထဲမှာ အိမ်နီးချင်းနိုင်ငံတွေက စွမ်းအင်တင်သွင်းတာ၊ ရေပေါ်မီးပေးသင်္ဘော ငှားရမ်းသုံးစွဲတာတွေ ပါဝင်ပေမယ့် ကုန်ကျစားရိတ်ကြီးမားတာ၊ လိုအပ်တာတွေကို မလုပ်ပေးနိုင်တာတွေကြောင့် အစိုးရက ဒီနည်းလမ်းတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် တရုတ်နဲ့ လာအိုတို့လို ဈေးသက်သာတဲ့ ရင်းမြစ်တွေကနေ စွမ်းအင်တင်သွင်းနိုင်ရေး နယ်စပ်ဖြတ်ကျာ် ဓာတ်အားလိုင်းတွေ တည်ဆောက်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။

သဘာဝဓာတ်ငွေ့သုံးပြီး ဓာတ်အားထုတ်လုပ်ဖို့ဟာ ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေပေမယ့်၊ ရှိနေတဲ့ ဂက်စ်တာဘိုင်တွေကို အဆင့်မြှင့်တင်ဖို့၊ နိုင်ငံတော်ရဲ့ အဓိက၀င်ငွေ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ အစိုးရရဲ့ ဓာတ်ငွေ့တင်ပို့မှုကို လျှော့ချဖို့ လိုအပ်နေပါတယ်။

လတ်တလော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတဲ့ နေစွမ်းအင်သုံး ဓာတ်အားထုတ်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာဖြေရှင်းဖို့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေပေမယ့် ဒါဟာလည်း တစ်နှစ်အတွင်းမှာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ODA လို့ခေါ်တဲ့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီပေးမှုမှာ မြန်မာနိုင်ငံကို အကြီးဆုံးပံ့ပိုးပေးနေတဲ့ ဂျပန် နိုင်ငံတကာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ဟာ ‘သန့်ရှင်းကျောက်မီးသွေး’ လို့ နာဝင်ချိုချိုသုံးထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေးလို အကြံပြုချက်မျိုးတွေကို တင်ပြထားပါတယ်။ တိုက်ဆိုင်တာလို့ပဲဆိုဆို ဂျပန်ရဲ့ စွမ်အင်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံမှာ ကျောက်မီသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့အတွက် ရင်းနှီးမြှုပ်နှံထားပြီးပါပြီ။ ဒါပေမယ့် ၂၀၁၆ အစိုဒရသစ်က ပေါ်လစီတွေကို ပြောင်းလဲမှုကြောင့် သူတို့ရဲ့ စီမံကိန်းတွေက လတ်တလောမှာ ရပ်ထားရပါတယ်။

ကျောက်မီးသွေးကို အသုံးပြုပြီး ဓာတ်အားထုတ်မယ်လို့ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ အာဏာရ NLD ပါတီက ခေါင်းဆောင်တွေရဲ့ ပြောကြားမှုကို အစိုးရမဟုတ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ထားပါတယ်။

အသေးစိတ်အချက်အလက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ကြေငြာခြင်း မပြုသေးပေမယ့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို နေစွမ်းအင်၊ ကျောက်မီးသွေးစက်ရုံတွေနဲ့ အစားထိုးဖို့ အလေးပေးထားတဲ့ မြန်မာနိုင်ငံရဲ့ ‘၂၀၁၅ မဟာစွမ်းအင်စီမံကိန်း’ ကိုတော့ ပေါ်လစီချမှတ်တဲ့ အသိုင်းအ၀ိုင်းမှာ အချိန်ကာလတစ်ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီးပါပြီ။

တိုင်းပြည်ရဲ့ စွမ်းအင်ချက်ချင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် စီးပွားရေးအရ သင့်တော်တဲ့ ကျောက်မီးသွေးစက်ရုံကို အစိုးရက ပိုပြီးနှစ်သက်နေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေ၊ အတိုးနည်း နှစ်ရှည်ချေးငွေတွေ ရရှိနိုင်တာ၊ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ စီမံကိန်းနေရာရှာဖို့ သိပ်မခက်ဘဲ ရေတိုမှာ အဆင်ပြေနိုင်တာတွေက ဒီ ‘သန့်ရှင်းကျောက်မီးသွေး’ သုံး ဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်ရေးဟာ အစိုးရအတွက် ဦစားပေးဆောင်ရွက်ဖို့ကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာပါတယ်။ ကျောက်မီးသွေစက်ရုံ တည်ဆောက်ပြီး မီးပေးနိုင်ဖို့အတွက် ပျမ်းမျှ ၃ နှစ်လောက်သာ ကြာမြင့်မှာပါ။

စီးပွားရေးထည့်တွက်မှု

ဒေသတွင်းမှာ လျှပ်စစ်မီးအတွက် ပျမ်းမျှကုန်ကျစားရိတ်က 1kWh အတွက် ဆိုလာဆိုရင် ၁ ဒေါ်လာ (၁၃၅၀ ကျပ်ဝန်းကျင်)၊ ကျောက်မီးသွေးနဲ့ဆိုရင် ၀.၆ ဒေါ်လာ၊ အပြင်က၀ယ်ရင် ၀.၅ ဒေါ်လာ၊ ရေအားလျှပ်စစ်က ၀.၄ ဒေါ်လာ ကျသင့်မှာပါ။ ဓာတ်အားပေးစက်ရုံဆောက်တာ၊ လည်ပတ်တာ၊ ဓာတ်အားလိုင်းတွေကို ဓာတ်အားလွှတ်တာတွေအထိ အပြီးအစီးဆောင်ရွက်ပေးမယ်လို့ FDI နဲ့ ODA တို့ရဲ့ ကမ်းလှမ်းမှုကြောင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟာ သဘောကျစရာကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နေပြီး အစိုးရက ငွေကြေးစိုက်ထုတ်စရာ မလိုပါဘူး။

ဒါပေမယ့် ဈေးကွက်အနေအထား ပြောင်းလဲမှုက နောက်ထပ် စဉ်းစားစရာတစ်ခု ဖြစ်နေပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း နေစွမ်းအင်နဲ့ လေစွမ်းအင်သုံး စွမ်းအင်ထုတ်လုပ်မှု နည်းလမ်းတွေရဲ့ ကုန်ကျစားရိတ်ဟာ ၈၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းကျော်ကျော်လောက် ကျဆင်းသွားခဲ့ပြီး နှစ်ပတ်လည် ပျမ်းမျှ ကုန်ကျမှု
ကလည်း ၁၁ ရာခိုင်နှုန်းလောက် ကျဆင်းပါတယ်။ ဒီနည်းပညာနှစ်ခုစလုံးမှာ တိုးတက်မှုတွေဖြစ်လာတာ၊ စီးပွားရေးအရ တွင်ကျယ်လာတာတွေက ကမ္ဘာ့ဈေးကွက်မှာ ပြည့်ဖြိုးမြဲ စွမ်းအင်တွေဟာ သမရိုးကျ စွမ်းအင်ထုတ်လုပ်မှု ရင်းမြစ်တွေကို စိန်ခေါ်လာပါတယ်။

ထုတ်လုပ်စားရိတ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကုန်ကျစားရိတ်တွေကြောင့် ကျောက်မီးသွေးစက်ရုံတွေရဲ့ နှစ်စဉ်ကုန်ကျစားရိတ်ဟာ ပျမ်းမျှ ၅ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ၂၀၂၀ ခုနှစ်မှာ ပြည့်ဖြိုးမြဲစွမ်းအင် ကုန်ကျစားရိတ်ဟာ ကျောက်မီးသွေးကို ကျော်ြ
ဖတ်သွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ကျောက်မီးသွေးစီမံကိန်းကိုပဲ ဆက်လုပ်မယ်ဆိုရင် ကုန်ကျစားရိတ် ကြီးမြင့်မှုနဲ့ ကြုံရဖို့ရှိနေပြီး နှစ်အနည်းငယ်ကြာ လည်ပတ်ပြီးတဲ့နောက် စီးပွားရေးတွက်ခြေမကိုက်တာကြောင့် နောက်ဆုံးမှာ ပိတ်ပစ်ရမယ့် အနေအထားပါပဲ။ ဒီလိုဆိုရင် ODA က အတိုးနှုန်းနည်းနည်း ဒါမှမဟုတ် အတိုးလုံးဝမယူမှုဟာ မြန်မာနိုင်ငံအတွက် ရေရှည်မှာ အကျိုးဖြစ်မှာ မဟုတ်ပါဘူး။

နောက်ပြီး လုပ်ဖို့စီစဉ်ထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ လည်ပတ်ဖို့အတွက် အရေအသွေးမြင့် ကျောက်မီးသွေး အမြောက်အများရနိုင်ဖို့ ကျယ်ပြန့်ပြည့်စုံတဲ့ လေ့လာမှုလည်း မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ဒေသတွင်းက အဲဒီလို စက်ရုံတွေကို ကနဦးလေ့လာသုံးသပ်မှုတွေအရ ကျောက်မီးသွေးဟာ အရည်အသွေးပြည့်မီဖို့လိုတာကို တွ့ရပါတယ်။ ဒီလိုကျောက်မီးသွေးမျိုးကို နိုင်ငံခြားက တင်သွင်းမယ်ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးမျှခြေကို ထိခိုက်ဖို့ရှိပြီး ရေရှည်မှာ စွမ်းအင်အတွက် အမှီခိုခံဘ၀ကို ရောက်သွားနိုင်ပါတယ်။

မဟာမဲခေါင်ဓာတ်အားလိုင်း

Stimson Center က မကြာသေးမီကမှ ထုတ်ပြန်လိုက်တဲ့ Mekong Power Shift: Emerging Trends in the GMS Power Sector အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အနာဂတ်အတွက် စွမ်းအင်ဆိုင်ရာ အထောက်အကူဖြစ်စေမယ့် နိုင်ငံဖြစ်ပြီး ရေတိုမှာ အဆင်ပြေဖို့ စွမ်းအင်တင်သွင်းကာ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး စွမ်းအင်တင်ပို့တဲ့နိုင်ငံဖြစ်အောင်လုပ်ဖို့ အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ရေအားနဲ့ လေအားကနေ ဓာတ်အား ၁၀၄၀၀၀ မီဂါဝပ်၊ နေစွမ်းအင်ကနေ တစ်နှစ်ကို 40TWh ထုတ်လုပ်နိုင်ဖို့ အလားအလာ ရှိနေပါတယ်။ ဒီနယ်ပယ်တွေမှာ ရေရှည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံဟာ လာအိုကို ကျော်သွားနိုင်ပါတယ်။ လာအိုဟာ လက်ရှိမှာ မဟာမဲခေါင်ဒေသအတွင်း အကြီးဆုံး စွမ်းအ
င်တင်ပို့သူ ဖြစ်နေပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် အခုအချိန်ဟာ အချိန်ကောင်းပါပဲ။ ၂၀၁၄ ခုနှစ်က အတည်ပြုခဲ့တဲ့ အာဆီယံ ဓာတ်အားလိုင်းဟာ လက်ရှိမှာ စတင်နေပြီး တရုတ်နိုင်ငံကလည်း ဒီဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ဖို့ ရှိနေပါတယ်။ ဒီစီမံကိန်းပြီးသွားရင် ဒေသတွင်းစွမ်းအင်ဈေးကွက်ဟာ အကြီးအကျယ် ပွင့်လန်းလာနိုင်ပါတယ်။

ယူနန်ပြည်နယ်ရဲ့ အဓိကမြစ်ကြီးတွေမှာ ဆောက်နေတဲ့ ဆည်အသစ်တွေကြောင့် တရုတ်နိုင်ငံဟာ ရေအားလျှပ်စစ် တစ်ခုတည်းကတင် တစ်နှစ်ကို စွမ်းအင် ၁၀၀ ဂီဂါဝပ်လောက် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ စီစဉ်ထားတဲ့အတိုငးသာ ဖြစ်လာရင် ဒီပိုလျှံနေတဲ့ ဓာတ်အားတွေကို ထိုင်းနဲ့ လာအိုတစ်ဝိုက်က ဓာတ်အားလိုင်းတွေကနေတစ်ဆင့် နိုင်ငံခြားကို တင်ပို့နိုင်မှာဖြစ်ပြီး စွမ်းအင်တင်သွင်းမှု ကုန်ကျစားရိတ်ကလည်း သိသိသာသာ ကျသွားပါလိမ့်မယ်။

ဒေသတွင်းမှာ မြန်မာနိုင်ငံက စွမ်းအင်နဲ့ပတ်သက်ပြီး ရေရှည်မှာ အားပြိုင်ချင်တယ်ဆိုရင် ပြည့်ဖြိုးမြဲစွမ်းအင်က တကယ်ကို အပြောင်းအလဲဖြစ်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဓာတ်အားလိုင်းမှာ ရင်းနှီးမြှုပ်နှံမှုပြုတာဟာ ရေတိုလိုအပ်ချက်အတွက် ဓာတ်အားတင်သွင်းဖို့ မဟာဗျူဟာကျတဲ့ ရွေးချယ်မှုသာမက၊ ဒေသတွင်း စွမ်းအင်ဈေးကွက်မှာ မြန်မာနိုင်ငံဟာ အဓိကမောင်းနှင်အားဖြစ်လာဖို့ မျိုးစေ့ချတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖော်ဖို့ဆိုရင် တိုင်းရင်းသားပြည်နယ်တွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးလိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဒေသတွင်း စွမ်းအင်ကဏ္ဍအတွက် မြန်မာနိုင်ငံဟာ အရေးပါလာမယ်ဆိုတဲ့ မျှော်လင့်ချက်က လေထဲ တိုက်အိမ်ဆောက်သလိုပဲ ဖြစ်နေပါလိမ့်မယ်။

Ref: The Diplomat

(The Diplomat တွင် ဖော်ပြထားသည့် Where Will Myanmar’s Energy Come From? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.