6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၁၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

– တရုတ်လူမျိုးတွေဟာ ဖုန်းရွှေပညာရပ် (feng shui) မှာ အသုံးပြုဖို့အတွက် အရပ်မျက်နှာပြ အိမ်မြှောင်ကို တီထွင်ခဲ့တယ်လို့ တော်တော်များများက ယုံကြည်လက်ခံထားကြပါတယ်။ နောက်ပိုင်းမှာ ပင်လယ်ပျော်တွေဟာ ဒီအိမ်မြှောင်ကို မွမ်းမံပြီး ရေကြောင်းသွားလာမှုမှာ အသုံးပြုခဲ့ကြပါတယ်။ သံလိုက်အိမ်မြှောင်အသုံးပြုမှုရဲ့ အစောဆုံးအထောက်အထားကို Collection of Stories by Muhammad al-Awfi (မိုဟာမက် အလ်-အောင်ဖီ၏ အကြောင်းအရာများ စုစည်းမှု) ဆိုတဲ့ ပါရှန်စာအုပ်မှာ တွေ့ရပါတယ်။

သက္ကရာဇ် ၁၂၃၃ ခုနှစ် ပင်လယ်နီနဲ့ ပါရှန်ပင်လယ်ကွေ့ခရီးစဉ်အကြောင်း ဒီစာအုပ်ရဲ့မှတ်တမ်းမှာ ‘သံနဲ့လုပ်ထားတဲ့ ငါးအရုပ်ကို သံလိုက်တုံးမှာ ပွတ်တိုက်ကာ ရေအပြည့်ထည့်ထားတဲ့ ပန်းကန်လုံးထဲ ထည့်လိုက်ရင် ငါးအရုပ်ဟာ လည်နေပြီး ရပ်သွားတဲ့အခါမှာ တောင်ဘက်ကို ညွှန်ပြနေပါတယ်’ လို့ သံလိုင်အိမ်မြှောင် အသုံးပြုမှုနဲ့ပတ်သက်ပြီး ရေးသားထားပါတယ်။ (အစောပိုင်းမွတ်စလင်တွေ ရေးဆွဲခဲ့တဲ့ မြေပုံမှာ အောက်ဖက်ကို မြောက်ဘက်လို့ သတ်မှတ်ပြီး၊ အပေါ်ကို တောင်ဘက်လို့ သတ်မှတ်ပါတယ်)

အစ္စလာမ်ကမ္ဘာမှာ ရေကြောင်းခရီး သွားလာမှုအတွက် သံလိုက်အိမ်မြှောင်အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပထမဆုံး အပြည့်အစုံဖော်ပြချက်ကိုတော့ ဘေလက် အလ်-ကစ်ဘ်ဂျာကီ (Baylak al-Qibjaqi) ဆိုသူက သက္ကရာဇ် ၁၂၈၂ ခုနှစ် အီဂျစ်မှာရေးသားခဲ့တဲ့ The Book of Treasure for Merchants Who Seek Knowledge of Stones (ကျောက်တုံးများအကြောင်းကို သိရှိလိုကြသည့် ကုန်သည်များအတွက် အနဂ္ဂကျမ်း) မှာ တွေ့ရပါတယ်။ ထရီပိုလီကနေ အလက်ဇန်းဒရီးယားကို သွားရောက်တဲ့ ရေကြောင်းခရီးစဉ်မှာ ရေပေါ်သံလိုက်အိမ်မြှောင်အသုံးပြုမှုကို အလ်-ကစ်ဘ်ဂျာဘီက အောက်ပါအတိုင်း ဖော်ပြခဲ့တာပါ။

“အပ်တစ်ချောင်းကို ကျူရိုးတစ်ချောင်းနဲ့ ကြက်ခြေခတ် ပူးချည်ပြီး ရေဖြည့်ထားတဲ့ ပန်းကန်လုံးထဲမှာထည့် – အဲဒီနောက် သံလိုက်တုံးတစ်တုံး ယူလာပြီး ပန်းကန်အပေါ်မှာ နာရီလက်တံလည်တဲ့ လားရာအတိုင်း လှည်ပေးရင် အပ်နဲ့ ကျူရိုးကလည်း အဲဒီအတိုင်း လိုက်လည်ပါတယ်။ သံလိုက်တုန်းကို ရုတ်တရက် ဖယ်ရှားလိုက်တဲ့အခါမှတော့ အပ်ကလေးဟာ တောင်ဘက်ကို ညွှန်ပြနေပါတော့တယ်”

သံလိုက်ဓာတ်ကူးအပ်ကို အသုံးပြုထားတဲ့ သစ်သား သံလိုက်အိမ်မြှောင်၊ ငါးအရုပ် သံလိုက်အိမ်မြှောင် အကြောင်းတွေကိုလည်း ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒီ သံလိုက်အိမ်မြှောင်တွေကို ရေပေါ်မှာ ပေါ်ဖို့အတွက်နဲ့ ရေစိမ်ခံဖို့အတွက် ကတ္တရာစေးတွေ၊ ဖယောင်းတွေနဲ့ အသေပိတ်ထားကြပါတယ်။ အလယ်ခေတ် အစ္စလာမ်ကမ္ဘာကလူတွေဟာ ရေအသုံးပြုတဲ့ သံလိုက်အိမ်မြှောင်၊ ရေမပါတဲ့ သံလိုက်အိမ်မြှောင်အကြောင်းတွေကို သိခဲ့ကြတယ်ဆိုတာ ဒီဖော်ပြချက်တွေက သက်သေပါပဲ။ စက္ကူအ၀ိုင်းပြားအပေါ်မှာ သံလိုက်ဓာတ်ကူးအပ်နှစ်ချောင်းရဲ့ ထိပ်တွေကို ဆန့်ကျင်ဖက်ထားပြီး အ၀ိုင်းပြားရဲ့အလယ်မှာ အပေါက်ဖောက်ကာ ၀င်ရိုးနဲ့လည်တဲ့ ဒိုင်ခွက်ပုံစံ သံလိုက်အိမ်မြှောင်ကိုလည်း သူတို့တွေက အသုံးပြုခဲ့ပါတယ်။ ဒီအိမ်မြှောင်တွေကို မှန်နဲ့အလုံကာထားတဲ့ သေတ္တာတွေထဲ ထည့်ပိတ်ပြီး အသုံးပြုကြတာ ဖြစ်ပါတယ်။

ဒီလို သံလိုက်အိမ်မြှောင် ပုံစံအမျိုးမျိုးကို ပိုကောင်းအောင် မွတ်စလင်ကုန်သည်တွေက မွမ်းမံခဲ့ကြပြီး ဥရောပကို ယူဆောင်လာတာ ဖြစ်ပါတယ်။

ရေကြောင်းဂုရုကြီးများ

၁၅ ရာစု အာရေဗျဒေသ နဂျဒ် (Najd) က မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ မဂျစ် (Ibn Majid)

ရေကြောင်းလမ်းပြ ကိရိယာတွေကို တီထွင်ယုံသာမက မွတ်စလင်တွေဟာ ရေကြောင်း ဂုရုကြီးတွေလည်း ဖြစ်ခဲ့ပါတယ်။ ၁၅ ရာစု အာရေဗျဒေသ နဂျဒ် (Najd) က မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ မဂျစ် (Ibn Majid) ဟာ ကျော်ကြားတဲ့ ရေကြောင်းပညာရှင်ကြီးတစ်ဦးပါ။ သူ့ရဲ့ မျိုးဆက်တစ်ခုလုံးက ရေကြောင်းအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတွေဖြစ်ပြီး အဖေနဲ့ အဖိုးဖြစ်သူတို့ဟာ ပင်လယ်နီအကြောင်း အသေးစိတ်သိကြတဲ့ ရေကြောင်းဂုရုကြီးတွေ ဖြစ်ပါတယ်။ မဂျစ်ကလည်း ပင်လယ်နီကနေ၊ အရှေ့အာဖရိကအထိ၊ အဲဒီကနေ တရုတ်အထိ ရေကြောင်းလမ်းတွေကို အားလုံးနီးပါးကို သိသူတစ်ယောက်ပါ။ မဂျစ်ဟာ ရေကြောင်းဆိုင်ရာကျမ်းပေါင်း အနည်းဆုံး ၃၈ ကျမ်းလောက် ရေးသားခဲ့ပြီး တစ်ချို့တွေက စကားပြေ၊ တစ်ချို့တွေကို ကဗျာပုံစံနဲ့ ရေးတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့ ဒီကျမ်းတွေထဲက ၂၅ အုပ်လောက် ရှိနေပါတယ်။ ဒီကျမ်းတွေမှာ မဂျစ်ဟာ လရဲ့ ရာသီခွင်တွေ၊ ပင်လယ်ရေကြောင်းလမ်းတွေ၊ ဆိပ်ကမ်းတွေရဲ့ လတ္တီကျုတွေအပါအ၀င် နက္ခတ္တဗေဒနဲ့ ရေကြောင်းဆိုင်ရာ အကြောင်းတွေကို ရေးသားခဲ့ပါတယ်။

ဒါပေမယ့် အကျော်ကြားဆုံး ရေကြောင်း ဂုရုကြီးကတော့ ၁၆ ရာစုက တူရကီလူမျိုး ရေတပ်ဗိုလ်ချုပ် ပီရီ ရီအစ် (Piri Reis) ဖြစ်ပြီး နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိတဲ့ သူ့ရဲ့ ရေကြောင်းပြကျမ်း ကီသဘ်-အီ-ဘဟ်ရီယီ (Kitab-i-bahriyye) ဟာ The Book of the Mariner၊ The Naval Handbook၊ The Book of Sea Lore ဆိုပြီး နာမည်သုံးမျိုးနဲ့ ကျော်ကြားပါတယ်။ တူရကီ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်မှာ ဒီစာအုပ်ကို ထပ်ထုတ်ခဲ့ပြီး မူရင်းလက်ရေးမူရဲ့ ကာလာကော်ပီ၊ လက်တင်၊ ခေတ်သစ်တူရကီစာပေနဲ့ အင်္ဂလိပ်တို့ကို ဘာသာပြန်ဆိုခဲ့တဲ့ မူရင်း အော်တိုမန်စာသားတွေ ပါဝင်လာခဲ့ပါတယ်။

ပီရီ ရီအစ်ရဲ့ The Book of Sea Lore စာအုပ်ဟာ မြေထဲပင်လယ်က ကမ်းရိုးတန်းတွေ၊ ကျွန်းတွေနဲ့ ပတ်သက်ပြီး ရေကြောင်းသွားလာသူတွေအတွက် လမ်းညွှန်ကျမ်းဖြစ်ကာ ခေတ်သစ် ရေကြောင်းသွားလာမှုကို လမ်းဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီစအုပ်ကို ရေကြောင်းပြမြေပုံလို့ တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပြီး သင်္ဘောသားတွေအတွက် ရေကြောင်းဆိုင်ရာ ညွှန်ကြားချက်တွေ၊ ကမ်းရိုးတမ်း၊ ရေလမ်းကြောင်းတွေ၊ ဆိပ်ကမ်းတွေ၊ မြေထဲပင်လယ်က ဆိပ်ကမ်းတွေရဲ့ အကွာအဝေးတွေကို ဖော်ပြထားတဲ့ မြေပုံတွေလည်း ပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ အရေးကြုံလာရင် ဘယ်ရေလက်ကြား၊ ပင်လယ်အော်၊ ဘယ်ကျွန်းတွေမှာ ခိုးနားမရလဲ၊ ဆိပ်ကမ်းတွေကို ဘယ်လို ချဉ်းကပ်ပြီး ဘယ်နေရာမှာ ကျောက်ချရမလဲဆိုတဲ့ အကြံပြုချက်၊ သတိပေးချက်တွေလည်း ပါဝင်ပြီး သင်္ဘောသားတွေအတွက် အဖိုးမဖြစ်နိုင်တဲ့ အသိပညာတွေဖြစ်ပါတယ်။

မဂျစ်ရေးသားထားသည့် ကျမ်းတစ်ခုမှ လက်ရေးမူ

ဒီစာအုပ်ဟာ သမိုင်းတစ်လျှောက် မြေထဲပင်လယ်နဲ့ အေဂျီယံပင်လယ်အကြောင်း ရေးသားဖော်ပြထားတဲ့အထဲမှာ အသေးစိတ်ဇယားပေါင်း ၂၁၉ ခုနဲ့ အပြည့်စုံဆုံး ကျမ်းတစ်စောင် ဖြစ်သလို၊ မြေထဲပင်လယ်က ရေကြောင်းဂုရုတွေ သင်္ဘောသားတွေရဲ့ နှစ်ပေါင်း ၂၀၀ ကျော်လောက် လေ့လာဖော်ထုတ်မှုတွေရဲ့ အဆီအနှစ်တွေလည်း ဖြစ်ပါတယ်။

ပီရီ ရီအစ်ဟာ ဒီစာအုပ်ကို ၂ ကြိမ်ထုတ်ခဲ့ပြီး ၁၅၂၁ ခုနှစ် ပထမအကြိမ်ထုတ်ဝေခဲ့ရာမှာ သင်္ဘောသားတွေအတွက် အဓိကရည်ရွယ်ခဲ့ပါတယ်။ နောက်ထပ် ၅ နှစ်အကြာ ဒုတိယကြိမ်မှာတော့ စာပန်းချီပညာရှင်တွေ၊ ပန်းချီပညာရှင်တွေရဲ့ လက်စွမ်းနဲ့အတူ အနုစိတ်ရေးသားချယ်မှုန်းခဲ့ပြီး အော်တိုမန်ဘုရင်ကို လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယစာအုပ်ဟာ ၁၆ ရာစုအတွင်းမှာပဲ အလှအပ တန်ဖိုးကြီးပစ္စည်း စုဆောင်းသူတွေ မျက်စိကျစရာ ဖြစ်ခဲ့ပြီး၊ မုန်တိုင်းတွေအကြောင်း၊ အရပ်မျက်နှာပြ အိမ်မြှောင်၊ ရေကြောင်းပြမြေပုံ၊ နက္ခတ္တဗေဒရေကြောင်းသွားလာမှု၊ ကမ္ဘာ့ သမုဒ္ဒရာကြီးတွေနဲ့ သူတို့ကို ၀န်းရံထားတဲ့ ကုန်းမြေအကြောင်းတွေ ပါဝင်တာကြောင့် မိတ္တူများစွာ ပေါ်ထွက်လာခဲ့ပြီး ရာစုနှစ်ပေါင်းများစွာ တန်ဖိုးကြီးကျမ်းတစ်စောင် ဖြစ်ခဲ့ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ရီအစ်ရဲ့ဒီကျမ်းမှာ ပေါ်တူဂီတွေ အိန္ဒိယသမုဒ္ဒရာမှာ ရွက်လွှင့်တာ၊ ကိုလံဘတ်စ်က မြောက်အမေရိကတိုက်ကို ရှာဖွေတွေ့ရှိတာ စတဲ့ အကြောင်းတွေကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။

The Book of Sea Lore ဆိုတဲ့ ဒီစာအုပ်ရဲ့ လက်ရေးမူပေါင်း ၃၀ လောက်ဟာ ဥရောပတစ်ဝှမ်းက စာကြည့်တိုက်တွေမှာ ပြန့်နှံ့နေပြီး အများစုဟာ ပထမဆုံးမူ ဖြစ်ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

Comments are closed.