ယနေ့သည် သတင်းအချက်အလက်နည်းပညာခေတ် (Information Technology) ဖြစ်သည်။ လူဦးရေသန်းပေါင်း ၇၀၀၀ကျော် နေထိုင်နေကြသော ကမ္ဘာကြီးသည် အင်တာနက် သတင်း အချက်အလက်နည်းပညာများကြောင့်ပင် “ရွာပုံစံ” ဖြစ်သွားခဲ့ရသည်။ ရွာ၏ သဘောကား ဟုတ်တာလုပ်ရင်လည်း ကျော်စောသည်။ မဟုတ်တာလုပ်ရင်ပေါ်သည့် သဘောဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများကို စတင်သုံးစွဲခွင့်ပြုစဉ်တွင် ပြည်သူလူထုအားအင်တာနက် ဝန်ဆောင်မှုကို လုံးဝ မပေးခဲ့ပေ။ ၂၀၁၁ခု၊စက်တင်ဘာလမှစ၍ အများပြည်သူလူထုအား အင်တာနက် ဝန်ဆောင်မှု့ကို ရယူလိုလျှင် မြန်မာ့ဆက်သွယ်ရေးသို့ ငွေ ၁၀၀၀၀ကျပ် ပေးသွင်းမှ သာ ထိုဝန်ဆောင်မှု့ကို သုံးစွဲခွင့်ရပါသည်။
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် နော်ဝေနိုင်ငံ အခြေစိုက် Telenor Myanmar ဆက်သွယ်ရေးကုပ္မဏီနှင့် ကာတာနိုင်ငံအခြေစိုက် Ooreedoo Myanmar ဆက်သွယ်ရေးကုပ္မဏီတို့ကို ၁၅နှစ်တာ မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် လိုင်စင်တရားဝင်ချပေးခဲ့ပါ သည်။ ထိုပြည်ပအခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီး မြှုပ်နှံလိုပါက နောက်ထပ် (၁၀ နှစ်) အတွက် သက်တမ်းတိုး လျောက်ထားနိုင်ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေ ၅၁.၄၉ သန်းကျော်အား ဝန်ဆောင်မှုပြုနေသော ဆက်သွယ် ရေးကုပ္မဏီကြီး (၃)ခု ရှိနေပါသည်။ ယင်းတို့မှာ (၁) MPT (Myanmar Posts And Telecommunication) (၂) Telenor Myanmar ( Norwegian Telenor Group) (၃) Ooredoo Myanmar တို့ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် (ယခင်ဦးပိုင်စီးပွားရေး) (Myanmar Economic Coporation (MEC)) ကလည်း MECTel အနေနဲ့ CDMA Network ဝန်ဆောင်မှု့ကို ပေးနေပါသည်။ Viet tel ကလည်း တတိယမြောက်၊ ပြည်ပဆက်သွယ်ရေး၊ ကုပ္မဏီအနေဖြင့် ဝန်ဆောင်မှု့ပေးရန် အသင့်ဖြစ်နေပြီဟု သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် MPT သုံးစွဲသည့် မှတ်ပုံတင်ထားသူဦးရေမှာ ၂၃.၁၈သန်း ကျော်ရှိသည်။ Telenor သုံးစွဲသူ မှတ်ပုံတင်ထားသူပေါင်း ၁၈. ၈သန်းကျော်ရှိသည်။ အော်ရီဒူး (Ooredoo) မှတ်ပုံတင်၍ သုံးစွဲနေသူပေါင်းမှာ ၈.၁၁ သန်းကျော်ရှိလေသည်။ အထက်ပါ ဆက်သွယ်ရေး ဝန်ဆောင်မှု့များအတွက် ဖုန်းဘစ်လ်ဖြည့်ရာတွင် E-load ပုံစံဖြင့်လည်းကောင်း၊ OK software ဝန်ဆောင်မှု့ဖြင့်လည်းကောင်း၊ True money ပုံစံဖြင့်လည်းကောင်း၊ wave money ပုံစံဖြင့်လည်းကောင်း၊ Top-up ငွေဖြည့်ကတ် ၁၀၀၀ကျပ်တန်၊ ၃၀၀၀ကျပ်တန်၊ ၅၀၀၀ကျပ်တန်၊ ၁၀၀၀၀ကျပ်တန်များ ဝယ်၍လည်းကောင်း ဖုန်းBill များကို ငွေဖြည့်နိုင်ပေသည်။
လူသိအများဆုံး ဆက်သွယ်ရေးကုပ္မဏီကြီး (၃)ခုသည် E- load ဖြင့် ဖုန်းဘေစ်လ်မည်မျှ ထည့်လျှင် အပိုဆုကြေး Bonus အနေဖြင့် Facebook, Viber,Youtube,Line စသည့် လူမှု့ရေး ကွန်ရက်များသုံးစွဲခွင့်ကို ရက်အပိုင်းအခြား အကန့်အသတ် တစ်ခုပေး၍လည်းကောင်း ကွန်ရက်တူ ဆက်သွယ်ရေးကုပ္မဏီအချင်းချင်း စာတိုပို့ခြင်း၊ Phone Bill အပိုသုံးစွဲခွင့်များပေးခြင်း၊ အင်တာနက် ဒေတာ အပို 50MB ၊100 MB များပေးကာ ဖုန်းသုံးစွဲသူများကို မက်လုံးများပေး၍ အပြိုင်အဆိုင် ဖုန်းသုံးစွဲသူများထံ Message များပို့ကာ ကြော်ငြာလျက်ရှိပါသည်။
အကျိုးရလာဒ်များအနေနဲ့ On-line ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ၊ ပညာရှာနေ သူများ၊ လူမှုရေးလုပ်ဆောင်နေသူများ၊ ဗဟုသုတ ရှာမှီးနေသူများ၊ ရုပ်ရှင်ဂီတဖြင့် အပမ်းဖြေနေ သူများအတွက် အခြေအနေ အတိုင်းအတာ တစ်ခုထိ ခရီးရောက်လျက်ရှိနေပါသည်။
ဆိုးကျိုးရလာဒ်များကို လက်လှမ်းမှီသလောက် တင်ပြရလျှင် စာရေးသူနေထိုင်သည့် မဟာရန်ကုန်မြို့တွင် မိမိတို့၏မှတ်ပုံတင် (သို့) ယာဉ်မောင်းလိုင်စင် (သို့) နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများ တစ်ခုမျှမပြပဲ၊ မပေးပဲ၊ MPT၊ Ooredoo၊ Telenor နှင့် MEC sim card အမြောက်အများကို ယနေ့အချိန်ထိ ဆင်းကတ်တစ်ကတ်လျှင် ၁၀၀၀ကျပ်မှ စ၍ ငွေ ၅၀၀၀၀ ကျပ်အထိ နံပါတ်လှလျှင် လှသလောက် ဈေးကြီးပေး၍ Online မှ လည်းကောင်း ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာနေရာများတွင် လည်းကောင်း၊ လမ်းဘေးဈေးသည်များထံမှ ဝယ်ယူရရှိနိုင်ပါသည်။ ထိုရောင်းချသည့် ဆင်းကတ်များကို မှတ်ပုံတင်ပြီးကြောင်း အာမခံ၍ ရောင်း နေရာ စာရေးသူသည်လည်း MPT ဆင်းကတ်တစ်ကတ်နှင့် Telenor ဆင်းကတ် တစ်ကတ်ကို ဝယ်၍ မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ MPT code *601# call ကိုခေါ်၍လည်းကောင်း၊ Telenor code *979*3*3# call ကိုခေါ်၍ စစ်ဆေးကြည့်ရာ ထိုဆင်းကတ်နှစ်ခုလုံးမှာ မှတ်ပုံတင်ထားပြီးဖြစ် ကြောင်း Message တွင်ဖော်ပြထားသည်ကို တွေ့ရသောအခါ စိုးရိမ်ထိတ်လန့်ခဲ့ရပါသည်။ အကြောင်းမှာ ရာဇဝတ်မှု၊ ဒုစရိုက်မှုတစ်ခုခုကို ကျူးလွန်ခဲ့သူများရှိလျှင် ထိုဆင်းကတ်မှတ်ပုံ တင်ထားသူများကို ခြေရာခံ၍ အမှုမှန်ကို ဖော်ထုတ်ခဲ့သည့် အထောက်အထားများကို အနောက်နိုင် ငံအတော်များများတွင် တွေ့ရသောကြောင့်ဖြစ်ပါသည်။ စာရေးသူတို့နိုင်ငံတွင် မိုဘိုင်းဆင်းကတ် များကို ထိုကဲ့သို့ လက်လွတ်စပယ် အထောက်အထားမဲ့ ဝယ်၍ရနေခြင်းသည် လုံခြုံရေး စည်းတစ်ခု ပေါက်နေသည်ဟု စာရေးသူခံစားမိပါသည်။ ဒီမိုကရေစီနှင့်ဖယ်ဒရယ်ပြည်ထောင်စု စနစ်သို့ သွား နေသည့် အမိ မြန်မာနိုင်ငံတော်ကြီး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်အောင် ထိုလမ်းဘေးဆင်းကတ်များ သုံးကာ လူမှု့ရေးကါန်ရက် Facebook ပေါ်တွင် ကောလဟာလများ ထုတ်လွင့်ခြင်း၊ လူမျိုးရေး၊ဘာသာရေး၊ အဓိကရုဏ်းများ ဖြစ်အောင် အမုန်းတရားများ ဖြန့်ရာတွင်လည်းကောင်း အသုံးချလာဖွယ်ရှိသည်ကို မျှော်တွေးမိ၍ စိတ်လေးခဲ့ ရပါသည်။
နောက်ထပ် ကိုယ်တွေ့ဆိုးကျိုး ရလာဒ်တစ်ခုကိုလည်း တင်ပြချင်ပါသည်။ လူမှု့ရေးကွန်ရက် နှင့် အရပ်ထဲတွင် လူပြောများနေသည့် Telenor ဖုန်းဘေလ် ဖြတ်တောက်နေသည့် ကိစ္စဖြစ်ပါသည်။ စာရေးသူသည် ရန်ကုန်စက်မှု့တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့တစ်ခု ရရှိထားသည့် အပြင် ယနေ့ ရေပန်းစားနေသည့် အင်တာနက် နည်းပညာကိုလည်း အတိုင်းအတာတစ်ခုထိ လေ့လာထားပါသည်။ ၂၀၁၇ခု သြဂုတ်လ ၁၀ရက်နေ့က Handset အလွတ်တစ်ခုထဲရှိ တယ်လီနောဆင်းကတ် ဖုန်းဘေလ်လျော့နည်းနေသဖြင့် Top-Up ငွေဖြည့်ကတ် ၁၀၀၀ ကျပ်တန် ဝယ်ယူခဲ့ပြီး ငွေဖြည့်ခဲ့ပါသည်။ Facebook ကို ၅ မိနစ်ခန့်သုံးခဲ့ပါသည်။ Download မလုပ်ခဲ့ပါ။ Auto download များလည်း မလုပ်ထားခဲ့ပါ။ ကုတ်နံပါတ် *124#call ဖြင့် လက်ကျန်ငွေကို စစ်ဆေးကြည့်ခဲ့သောအခါ ၁၂၇ကျပ်သာ ကျန်တော့သည်ကို တွေ့ရပါသည်။ မကျေနပ်သဖြင့် နောက်ထပ် တယ်လီနော ဆင်းကတ်တစ်ခုကိုယူ၍ လက်ကျန်ငွေကို ပထမစစ်ဆေးပြီး Top-Up ငွေ ၁၀၀၀ကျပ်ကို ထပ်ထည့်ပါသည်။ ကံဆိုးနေလို့လားတော့ မသိပါ။ ဒုတိယ sim card ဖြင့် စက္ကန့် ၃၀ စာ ဖုန်းခေါ်ခဲ့ပြီး ငွေစစ်ကြည့်ခဲ့သောအခါ ငွေ ၈၅၀ကျပ် ပါသွားပြန်သည်။ ထို့ကြောင့်စာရေးသူ သည် ဒေါသအတော်အတန် ထွက်သွားမိခဲ့သည်။ ဖုန်းကွန်ရက်စနစ်ကို ထိမ်းချုပ်နေသည့် ကွန်ပြူတာ စက်များ၏ ဖုန်းဆော့ဝဲများကြောင့် အခုလို ပြဿနာများ ဖြစ်ရကြောင်း ပြင်ပတွင် ကြား နေရသော်လည်း တကယ့်လက်တွေ့တွင် တစ်နေ့လုပ်၊တစ်နေ့စား အခြေခံလူတန်းစားများ၏ ငွေများ အလဟသ ဖုန်းဘစ်လ် ဖြတ်တောက်မှု့ထဲ ပါနေခြင်းသည် “တစ်ရက်၊တစ်ပါတ်၊တစ်လ” မဟုတ်တော့ဘဲ လပေါင်းအတော်ကြာနေပြီ ဖြစ်သဖြင့် လက်ရှိအစိုးရ တာဝန်ရှိသူများအနေဖြင့် ထိုပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် “call centre” တစ်ခု အမြန်ဆုံးပြုလုပ်ပြီး စာရေးသူ အပါအဝင် ဖုန်းဘေလ် ဖြတ်တောက်ခံရသည့် ပြည်သူလူထု၏အသံ (People’s voice) များကို စစ်တမ်းကောက်နားထောင်ပြီး ထိထိရောက်ရောက် ဖြေရှင်းသင့်သည်ဟု စာရေးသူထင် မြင်မိပါသည်။ စာရေးသူအနေဖြင့်လည်း ကိုယ်သုံးစွဲသည့် မိုဘိုင်းဖုန်း တယ်လီနောဆင်းကတ်နှင့် တယ်လီနော ၁၀၀၀ကျပ်တန် Top- Up ငွေဖြည့်ကတ်ကို ယခုတိုင် အထောက်အထားတစ်ရပ် အနေဖြင့် သိမ်းဆည်းထားပါသည်။ လိုအပ်လျှင် သက်သေပြနိုင်ရန် ဖြစ်ပါသည်။ အချို့ကလည်း စာရေးသူအား “ဆရာတယ်လီနောမှ ငွေချေးထားလျှင် အခုလိုဖြတ်သည်” ဟု ပြောပါသည်။ စာရေး သူအနေဖြင့် မည်သည့် operator ဆီကမျှ ဖုန်းဘစ်လ်ငွေချေးခြင်းမရှိခဲ့ဖူးပါ။ “ဆွမ်း ဆန်ထဲ ကြွက် ချေး ရောသလို” ဆင်းကတ်တစ်ခုကို ကြိုက်သလိုသုံးပြီး ထိုဆင်းကတ်ကို အကြောင်းအမျိုးမျိုး ကြောင့် မစွန့်ပစ်မှီ ဖုန်းအော်ပရေတာ တစ်ခုဆီမှ ငွေချေးကာ ငွေကုန်အောင်သုံးစွဲပြီး ဖုန်းဆင်းကတ် အစဖျောက်ပစ်သူ မရိုးသားသည့် လူတစ်စုကြောင့်သော်လည်း၊ promotion တွေ၊ bonus တွေ၊ အပြိုင်အဆိုင်ပေးခဲ့ပြီး တွက်ချေကိုက်ရန် ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ‘ငါးကြင်းဆီနှင့် ငါးကြင်းကြော်၊ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်သည့်၊ ရိုးသားပွင့်လင်းမှုမရှိသည့် လုပ်ရပ်မျိုး’ ကို Telenor အပါအ၀င် လက်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြုနေသည့် အော်ပရေတာများကို လွှတ်တော်မှ ဥပေဒတစ်ခု အမြန်ဆုံးရေးဆွဲပြီး ပြည်သူလူထု၏ ဆုံးရှုံးနစ်နာနေမှုများကို ထိထိရောက်ရောက် အကောင်အထည်ဖော်သင့်ပါကြောင်း လေးလေးနက်နက် တိုက်တွန်း အကြံပြုလိုက်ပါတယ်။
လေးစားလျက်
ဂျက်ဖရီတင်အုန်း (ရန်ကုန် စက်မှု့တက္ကသိုလ် R.I.T)
Comments