6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၃၊ ၂၀၁၇
M-Media

သေဒဏ်ကျခံနေရသည့် ၀ီလီယံ

 

– အပြစ်မရှိကြောင်း ဖော်ပြနေသည့် DNA အထောက်အထားကို တွေ့ရှိခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် သေဒဏ်ချခံနေရသည့် အကျဉ်းသားတစ်ဦးအား ကွပ်မျက်မည့်အစီအစဉ်ကို ဆိုင်းငံ့လိုက်သည်ဟု သိရသည်။

၁၉၉၈ ခုနှစ်က အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုဖြင့် ၂၀၀၁ ခုနှစ်တွင် သေဒဏ်ကျခံခဲ့ရသည့် မာဆဲလက်စ် ၀ီလီယံဆိုသူကို အင်္ဂါနေ့က ဆေးထိုးကွပ်မျက်ရန် စီစဉ်ထားသော်လည်း နာရီပိုင်းအလိုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး အဲရစ် ဂရီတန်က ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဝီလီယံမှာ တရားရင်ဆိုင်မှုတစ်လျှောက်လုံးတွင် အပြစ်မရှိဟုသာ လျှောက်လဲခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့က ကွပ်မျက်ရန် စီစဉ်ခဲ့သော်လည်း ၎င်းအား ရုံးတင်စစ်ဆေးခဲ့သည့်အချိန်က မရှိသေးသည့် နည်းပညာဖြင့် DNA အထောက်အထားကို ပြန်စစ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

စစ်ဆေးမှုအရ လီရှာ ဂေလီဆိုသည့် အမျိုးသမီးအား သတ်ဖြတ်ခဲ့သည့် လက်နက်တွင် တွေ့ရှိရသည့် DNA အထောက်အထားနှင့် အခင်းဖြစ်ရာနေရာတွင် တွေ့ရသည့် ခြေရာ၊ ဆံပင်တို့မှာ ၀ီလီယံ၏ DNA မဟုတ်ပေ။

မူခင်းဆေးစစ်မှုနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုမှုကလည်း လူသတ်မှုမှာ ၀ီလီယံပြုလုပ်သည်ဟု တိုက်ရိုက်ရည်ညွှန်းနိုင်ခြင်း မရှိပေ။ တရားစွဲဆိုမှုကို လူ ၂ ဦး၏ ထွက်ဆိုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူ ၂ ဦးကို သေဆုံးသူ၏ မိသားစုက ငွေကြေးထောက်ပံ့မှု လုပ်ထားကြောင်း နောက်ပိုင်းတွင် ပေါ်လာခဲ့သည်။

ထို့ပြင် ထိုအမှုကို စစ်ဆေးသည့် ဂျူရီလူကြီး ၁၂ ဦးတွင် ၁၁ ဦးမှာ လူဖြူများ ဖြစ်နေသည်။ တရားရုံးကမူ နောက်ပိုင်းတွေ့ရှိခဲ့သည့် အထောက်အထားများကို ထည့်သွင်းစဉ်စားခြင်းမရှိဘဲ ကွပ်မျက်မှုကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။

မစ်ဇူရီ အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်သော ကြေငြာချက်တွင် သေဒဏ်ဆိုသည်မှာ ပြန်လည်ပြင်ဆင်၍မရသည့် ပြစ်ဒဏ်မျိုးဖြစ်ကြောင်း၊ သေဒဏ်ချမှတ်ရန်အတွက် အပြစ်ရှိသည်ဆိုသော တရားရုံးဆုံးဖြတ်ချက်မှာ မစ်ဇူရီပြည်သူများ၏ အပြည့်အ၀ ယုံကြည်မှုကို ရရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“အချက်အလက်အသစ်တွေ ပေါ်လာတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကို ကျွန်တော် ခန့်အပ်သွားပါမယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ဝီလီယံ၏ ရှေ့နေ ကန့် ဂစ်ပ်ဆင်က အုပ်ချုပ်ရေးမှူး၏ အဆိုပါ ဆုံးဖြတ်ချက်အတွက် ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

 

Tags:

Comments are closed.