စက်တင်ဘာ ၁၊ ၂၀၁၇
M-Media
– အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒီဒွလ်အသွဟာ (ကုရ်ဘာနီအီးဒ်နေ့) ကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဒီကနေ့ ကျင်းပကြပြီး မြန်မာနိုင်ငံအပါအ၀င် တစ်ချို့နိုင်ငံတွေကတော့ မနက်ဖြန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီပွဲတော်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ၀တ်ပြုဆုတောင်းတာ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းတွေကို အသားဝတ္ထု ဝေငှလှူဒါန်းတာ၊ မိတ်ဆုံစားပွဲ ကျင်းပတာတွေကို အဓိကထား ပြုလုပ်ကြပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဒီပွဲတော်အတွက် ဆုမွန်ကောင်းတောင်းပေးကြပြီး ဒီဗီဒီယိုကတော့ ဗြိတိဝန်ကြီးချုပ် ထရီဇာမေရဲ့ အီဒွလ်အသွဟာ နှုတ်ခွန်းဆက်ဗီဒီယိုဖြစ်ပါတယ်။
ထရီဇာမေဟာ တိုင်းပြည်ရဲ့ ဘာသာစုံလူမျိုးစုံရှိမှုကို ဂုဏ်ယူပြီး မွတ်စလင်တွေရဲ့ တိုင်းပြည်အပေါ် တာဝန်ကျေပွန်မှုကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source – Facebook Page of 10 Dowing Street
Comments