6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၇၊ ၂၀၁၇
M-Media

MUIS လိုဂို

– IS ကဲ့သို့ အကြမ်းဖက်အဖွဲ့များ၏ ၀ါဒဖြန့်မှုများကို တိုက်ဖျက်ရေးအတွက် စင်ကာပူ အစ္စလာမ် သာသနာရေးရာကောင်စီ MUIS မှာ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု သိရသည်။

အသက် ၃၄ နှစ်အရွယ် စင်ကာပူနိုင်ငံသား အင်မရန်း ကာဆင်နှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ရှာကီယာ ဘေဂွမ် အဘ်ဒူလ် ၀ါဟဘ်တို့ကို နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုအတွက် ဖမ်းဆီးခဲ့ကြောင်း စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင် ကြေငြာခဲ့သည်။

MUIS က အဆိုပါ အဖြစ်အပျက်မှာ အစွန်းရောက်များ၏ ၀ါဒဖြန့်ချီမှုကို ကြုံတွေ့ရသည့်အခါ သတိဝိရိယထားကာ ကာကွယ်ကြရန် စင်ကာပူမွတ်စလင် လူ့အဖွဲ့အစည်းအတွက် သတိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မိမိတို့အနေဖြင့် IS ကဲ့သို့ အကြမ်းဖက်အဖွဲ့များ အွန်လိုင်းအသုံးပြု၍ အစွန်းရောက် အတွေးအခေါ်များ ၀ါဒဖြန်မှုကို တိုက်ဖျက်ရန်အတွက် ဓမ္မဆရာများအား စွမ်ဆောင်ရည် မြှင့်တင်ပေးမှုကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

အစွန်းရောက်အယူအဆများ လွှမ်းမိုးနေသည့် အင်မရန်းမှာ ၎င်း၏ သူငယ်ချင်းများကို ဆွယ်ရာတွင် သူငယ်ချင်းများက လက်မခံခဲ့ဘဲ ရဲတပ်ဖွဲ့ကို အသိပေး တိုင်ကြားခဲ့သောကြောင့် ၎င်းကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

MUIS က ထိုကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်သော ကြေငြာချက်တွင် အစွန်းရောက်များမှာ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ၀ါဒဖြန့်ကြပြီး သုံးစွဲသူများ၏ အားနည်းချက်ကို အသုံးချကာ ဆွဲဆောင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံခြား တိုက်ခိုက်ရေးသမားတစ်ဦးနှင့် ဆိုရှယ်မီဒီယာတွင် အဆက်အသွယ်ရှိနေသည့် ရှာကီရာမှာ အစွန်းရောက်တစ်ယောက် မဟုတ်သေးသော်လည်း ၎င်းအား ဆွဲဆောင်နေမှုကို လက်ခံကြောင်း ပြသနေသည်ဟု MUIS က ပြောကြားခဲ့သည်။

“အစွန်းရောက်အုပ်စုတွေက တစ်ဦးချင်းစီကို ဆွယ်ဖို့ ဘယ်လိုကြိုးစားနေလဲဆိုတာကို ကျွန်တော်တို့ ပိုပြီး သတိရှိဖို့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ဟာ ထောင်ချောက်ထဲမကျမှာပါ” ဟု MUIS မှ ဒေါက်တာ နာဇီရုဒ်ဒင်က ပြောကြားခဲ့သည်။

Ref: CNA

Comments are closed.