6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၄၊ ၂၀၁၇
M-Media

– မွတ်စလင်မဟုတ်သူများနှင့် ၎င်းတို့၏ ၀တ်ပြုရာနေရာများကို တိုက်ခိုက်ရန်အတွက် ဆီးရီးယားမှ အမိန့်ရထားသော IS အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်အရွယ် အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဆီလန်ဂေါနှင့် မလာကာပြည်နယ်တို့တွင် စက်တင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်သော စစ်ဆင်ရေးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အိမ်နီးချင်းနိုင်ငံက M-16 ရိုင်ဖယ်၊ AK-47 ရိုင်ဖယ်နဲ့ လက်ပစ်ဗုံးတွေဝယ်ပြီး မွတ်စလင်မဟုတ်သူတွေနဲ့ သူတို့ရဲ့ ၀တ်ပြုရာနေရာတွေကို တိုက်ခိုက်ဖို့အတွက် ဆီးရီးယားက မလေးရှားနိုင်ငံသား IS အဖွဲ့ဝင်တစ်ယောက်ရဲ့ ညွှန်ကြားချက်ကို သူ ရရှိထားပါတယ်” ဟု မလေးရှား ထောက်လှမ်းရေးအကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ပြောကြားခဲ့သည်။

မည်သည့်ဝတ်ပြုရာအဆောက်အဦးများအား တိုက်ခိုက်မည်ဆိုသည့် အချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အဆိုပါအမျိုးသားမှာ ယခုနှစ်အစောပိုင်းက IS နှင့်ဆက်သွယ်ခဲ့ပြီး IS လိုလားသည့် အဘူဆက်ယက်ဖ် လက်နက်ကိုင်အဖွဲ့မှ ၀ရမ်းပြေး မလေးရှားနိုင်ငံသား မဟ်မူဒ် အဟ်မဒ်ထံမှ ညွှန်ကြားချက်ရရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှာ ၎င်း၏ နေအိမ်မှ ဓာတ်တုဗေဒပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်တောင်ပိုင်းမှ IS အဖွဲ့၊ မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့တို့နှင့် သွားရောက်ပူးပေါင်းရန် စီစဉ်နေသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ယခုနှစ်နှောင်းပိုင်းတွင် ဆီးရီးယားရှိ IS အဖွဲ့နှင့် သွားပေါင်းမည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဖူဇီက ပြောကြားခဲ့သည်။

Ref: CNA

Tags:

Comments are closed.