6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၆၊ ၂၀၁၇
M-Media

ဇွဲကပင်တောင်

– ပြည်နယ်အတွင်းက မွတ်စလင်တွေအနေနဲ့ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကို အသိပေးရမယ်လို့ ကရင်ပြည်နယ်အစိုးရက အကြံပြုထားပြီး မွတ်စလင်တွေရဲ့ လုံခြုံရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါဟာ သူတို့ရဲ့ လုံခြုံရေးအတွက်ပါ။ ဘာသာရေးခွဲခြားတာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် လူတိုင်းဟာ ခရီးသွားတဲ့အခါ မှတ်ပုံတင် ဒါမှမဟုတ် အခြား တစ်ကိုယ်ရေအထောက်အထားတွေ ယူသွားဖို့ လိုပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာလို မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့ လုပ်ဆောင်တဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်ဖြစ်ပါတယ်” လို့ ကရင်ပြည်နယ်အစိုးရ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးချစ်က ပြောပါတယ်။

ဒီလိုအသိပေးစာကို စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြည်နယ်အတွင်းက ကျေးရွာတွေ၊ ရပ်ကွက်တွေအားလုံးကို ပေးပို့အကြောင်းကြားထားတယ်လို့ သူက ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်မှာ လူပေါင်း ၁.၅ သန်းရှိပြီး အဲဒီအထဲက ၄.၆ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်လို့ ပြောကြားထားပါတယ်။

စက်တင်ဘာ ၇ ရက်နေ့က ဖားအံနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေက မွတ်စလင် ၇ ဦးဟာ မှတ်ပုံတင်နဲ့ အခြားအထောက်အထားတွေ မယူဆောင်လာဘဲ ထိုင်းမြန်မာနယ်စပ်က ဘုရားသုံးဆူမြို့ ၃ ရပ်ကွက်ကို လာရောက်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားပြီးတဲ့နောက် ဒီလို ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ လူ ၉ ဦးကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက သတိပေးခဲ့ပြီး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက သူတို့ရဲ့ နေရပ်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။

“ကရင်ပြည်နယ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတာကြောင့် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ယှဉ်ရင် လုံခြုံရေးကို ပိုမိုတင်းကြပ်ဖို့ လိုပါတယ်” လို့ ဦးမျိုးချစ်က ပြောကြားခဲ့ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းမကြားဘဲ ခရီးသွားမယ်ဆိုရင် မှတ်ပုံတင်ရှိနေပေမယ့် အခြားမြို့တွေက အာဏာပိုင်တွေရဲ့ တားဆီးမှုကိုခံရကာ နေရပ်ကို ပြန်ပို့ခံရလိမ့်မယ်လို့လည်း သူကဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ကရင်ပြည်နယ်အတွင်း ဒီဥပဒေအသစ်ဟာ ပြည်ထောင်စုအစိုးရနဲ့ မဆိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ပြည်ထောင်စုအစိုးရဟာ ဒီစာနဲ့ပတ်သက်ပြီး ဘယ်လိုညွှန်ကြားချက်မှ မပေးထားပါဘူး။ ဒါဟာ နိုင်ငံသားတွေကို ပိုမိုကာကွယ်ပေးဖို့ ကရင်ပြည်နယ်အစိုးရက ပြုလုပ်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

Ref: mmtimes

Comments are closed.