စက်တင်ဘာ ၂၆၊ ၂၀၁၇
M-Media
– ပါလက်စတိုင်းပိုက်နက်အတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများတွင် အစ္စရေး ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေနတ်သမားကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့များက အသေ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဂျေရုစလင်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအိမ်ယာတွင် နေထိုင်သူ ဟာရ် အဒါရ်က သေနတ်သမားများမှာ ပါလက်စတိုင်းအလုပ်သမားများနှင့်အတူ ရောက်ရှိလာခဲ့ပြီး အစ္စရေး ရဲတပ်ဖွဲ့ အစောင့်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ စတုတ္ထတစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်သူမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အဆိုပါ တရားမ၀င်အိမ်ယာတွင် အလုပ်လုပ်ခွင့်ပါမစ်ဖြင့် အလုပ်လုပ်နေသူဖြစ်ကာ တိုက်ခိုက်မှုဖြစ်ပြီးနောက် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ၎င်းအား အသေပစ်သတ်ခဲ့သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ပါလက်စတိုင်းများမှာ ဓားဖြင့်ထိုးမှု၊ သေနတ်ဖြင့်ပစ်မှု၊ ကားဖြင့် တိုက်မှုများ ပြုလုပ်ခဲ့ပြီး အစ္စရေး ၄၈ ဦး၊ အမေရိကန် ၂ ဦးနှင့် ဗြိတိန်ခရီးသွားတစ်ဦး သေဆုံးခဲ့သည်။
ထိုကာလအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၊ ပါလက်စတိုင်းပိုင်နက်ရှိ တရားမ၀င်အိမ်ယာများတွင် နေထိုင်သည့် အစ္စရေးများ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၅၅ ဦး သေဆုံးခဲ့ကာ အစ္စရေးကမူ သေဆုံးသူများမှာ တိုက်ခိုက်သူများ၊ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့သူများ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုအများစုမှာ အစ္စရေးစစ်သားများအား ဓားဖြင့် ထိုးသည့် လုပ်ရပ်များဖြစ်သည်။
Ref: Aljazeera