အောက်တိုဘာ ၂၀၊ ၂၀၁၇
M-Media
– ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်က လွှတ်တော်အမတ်တွေရဲ့ ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်းတွေကို အစ္စရေးက မတရားဖမ်းဆီးထောင်ချမှုနဲ့ပတ်သက်ပြီး အစ္စရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောကြားမှုအတွက် လွှတ်တော်အမတ်တွေအကြား တင်းမာမှု ဖြစ်ခဲ့ပါတယ်။
ကူဝိတ်ကိုယ်စားလှယ်အဖြစ်တက်ရောက်နေတဲ့ လွှတ်တော်ဥက္ကဌ မာဇူက် အလ် ဂါနင်မ်က အစ္စရေး ကိုယ်စားလှယ်အဖွဲ့ကို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပြီး ဟောခန်းထဲကနေ မောင်းထုတ်ခဲ့ပါတယ်။
အစ္စရေးကိုယ်စားလှယ်အဖွဲ့က ပြန်လည်တုန့်ပြန်ဖို့ လုပ်ခဲ့ပေမယ့် ညီလာခံသဘာပတိက မိုက်ခရိုဖုန်းကို ပိတ်ခဲ့တာကြောင့် ခန်းမထဲကနေ ထွက်သွားခဲ့ရပါတယ်။
Comments