6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၆၊ ၂၀၁၇
M-Media

– ကာတာနှင့်ဖြစ်ပွားနေသည့် ပြဿနာကို မဖြေရှင်းနိုင်ပါက ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GCC) ပြိုလဲသွားနိုင်သည်ဟု ကူဝိတ်ခေါင်းဆောင် ရှိုက် ဆာဘာ အလ် အဟ်မဒ် အလ် ဆာဘာက သတိပေးလိုက်သည်။

အင်္ဂါနေ့ပြုလုပ်သည့် ကူဝိတ်လွှတ်တော်အစည်းအဝေးတွင် ထိုကဲ့သို့ ပြာကြားလိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးအရ မတိုးသာမဆုတ်သာအခြေအနေမျိုး ဖြစ်လာသော ကာတာပြဿနာကြောင့် အန္တရာယ်ရှိသော စစ်ရေးနှင့် နိုင်ငံရေးအရ ကြားဝင်ဆောင်ရွက်မှု ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု GCC ခေါင်းဆောင်များကို သတိပေးခဲ့သည်။

GCC မှာ အာရေဗျကျွန်းဆွယ်မှ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့ပါဝင်သည့် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဖြစ်သည်။ ၁၉၈၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအချင်းချင်း စီးပွားရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ခဲ့သည်။

သို့သော်လည်း ဇွန်လ ၅ ရက်နေ့က ဘာရိန်း၊ ဆော်ဒီ၊ ယူအေအီးနှင့် အီဂျစ်တို့က ကာတာနိုင်ငံကို ကုန်း၊ ရေ၊ လေ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့မှုကြောင့် စိတ်ဝမ်းကွဲမှုဖြစ်ပေါ်ခဲ့ပြီး ယင်းလုပ်ရပ်နှင့်ပက်သက်၍ GCC ၏ ကံကြမ္မာကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

လက်ရှိတွင် ထိုပြဿနာအတွက် ကူဝိတ်က ကြားဝင်ညှိနှိုင်းပေးနေပြီး ရှိခ် အလ် ဆာဘာက ဆွေးနွေးညှိနှိုင်းမှုမှာ ပင်လယ်ကွေ့နိုင်ငံများအကြား မိသားစုကဲ့သို့ ရင်းနှီးမှုခေါင်းစဉ်အောက်မှ ကြည့်ရှုသင့်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် GCC ပြိုကွဲခြင်းမှာ အာရပ်ပူးပေါင်းဆောင်ရွက်ရေးမှု နောက်ဆုံးခံတပ် ပြိုကွဲခြင်းဖြစ်ကြောင်း သတိပေးခဲ့ကာ ကူဝိတ်နိုင်ငံအနေဖြင့် GCC ကို မပြိုလဲအောင် ကာကွယ်သွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

Ref : Aljazeera

Tags:

Comments are closed.