6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၅၊ ၂၀၁၇
M-Media

– ကမ္ဘာတစ်ဝှမ်း အင်တာနက်မရတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းတွေ ဖြန့်ဖြူးပေးဖို့အတွက် ရည်ရွယ်ဖန်တီးထားတဲ့ Facebook ရဲ့ နေစွမ်းအင်သုံး ဒရုန်းလေယာဉ်ကြီးကို လာမယ့်နှစ်မှာ ပထမဆုံးအကြိမ် လူထုကို ထုတ်ပြတော့မယ်လို့ သိရပါတယ်။

Aquila လို့ အမည်ပေးထားတဲ့ အဲဒီဒရုန်းလေယာဉ် စီမံကိန်းဟာ Facebook သက်တမ်းတစ်လျှောက် အကြီးမားဆုံး စီမံကိန်းကြီးလည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း အင်တာနက် မရရှိသေးတဲ့ လူပေါင်း ၁.၆ ဘီလီယံလောက်ကို အင်တာနက် ကွန်ယက်တွေ ဖြန့်ကျက်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ ဒီဒရုန်းစီမံကိန်းကို လွန်ခဲ့တဲ့ ၃ နှစ်အရင်က စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

နေစွမ်းအင်ကို အသုံးပြုပြီး လနဲ့ချီ ပျံသန်းနိုင်မယ့် အဲဒီ ဒရုန်းတွေကို အင်တာနက်မရရှိသေးတဲ့ ကမ္ဘာ့ဒေသတွေမှာ လွှင်တင်မှာဖြစ်ပြီး အင်တာနက် ၀န်ဆောင်မှုကို အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

“လုံးဝ သုံးလို့ရတဲ့အချိန်ကျရင် ဒီအမြင့်ပျံဒရုန်းတွေဟာ လေပေါ်မှာ ရက်ပေါင်း ၉၀ လောက် ပျံသန်းနိုင်မှာဖြစ်ပါတယ်။ မိုင် ၆၀ ပတ်လည်လောက် အင်တာနက်ကွန်ယက် ဖြန့်ပေးနိုင်မှာဖြစ်ပြီး ဆက်သွယ်မှုပြတ်နေတဲ့ဒေသတွေက လူတွေကို အင်တာနက် သုံးစွဲနိုင်ခွင့် ဖန်တီးပေးမှာ ဖြစ်ပါတယ်” လို့ Facebook က အင်ဂ်ျနီယာ ဂု
ိမက်ဇ်နဲ့ ကော့ဇ်တို့က အင်တာနက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လန်ဒန်က Victoria & Albert ပြတိုက်မှာ လာမယ့်နှစ် မေလအတွင်း ပြုလုပ်ဖို့ရှိတဲ့ နောက်ဆုံးပေါ် သိပ္ပံပစ္စည်းများပြပွဲ The Future Starts Here Facebook မှာ Aquila ကို ပထမဆုံးအကြိမ် လူထုရှေ့မှောက် ပွဲထုတ်သွားမှာဖြစ်ပါတယ်။

ဇူကာဘတ်က Aquila ပေါင်း ၆ သောင်းလောက်ကို ပျံသန်းစေကာ အင်တာနက် ကွန်ယက်တွေ ဖြန့်ကျက်သွားဖို့ ဆန္ဒရှိနေပါတယ်။

Ref: Interesting Engenerring

Tags:

Comments are closed.