ဇန်နါဝရီ ၁၀၊ ၂၀၁၈
M-Media
– ဆော်ဒီဦးဆောင်သည့် ၄ နိုင်ငံက ပိတ်ဆို့ထားမှုများကို အဆုံးသတ်ရန်အတွက် နိုင်ငံတကာအဆင့်ထိတက်ကာ အဆုံးအဖြတ်ခံယူသွားမည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူလ်ဝါ အလ် ခတ္တာက ယနေ့တွင် ပြောကြားလိုက်သည်။
“နိုင်ငံတကာရဲ့ အဆုံးအဖြတ်ခံယူဖို့၊ နိုင်ငံတကာတရားရုံးတွေ၊ ကုလအဖွဲ့တွေအထိ တက်သွားဖို့အတွက် ကျွန်မတို့ စလုပ်နေပါပြီး။ ရနိုင်သမျှ နည်းလမ်းအားလုံးနဲ့ လုပ်ဆောင်သွားမှာပါ” ဟု သူမက ဆိုသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီးရုံး (OHCHR) မှ ကိုယ်စားလှယ်များမှာ ကာတာသို့သွားရောက်ကာ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်း ၂၀ ခန့်၊ ပိတ်ဆို့မှုကြောင့် ထိခိုက်ခံစားရသူများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် အစီရင်ခံစာတစ်စောင်ကို OHCHR က ထုတ်ပြန်ခဲ့သည်။
ခတ္တာကမူ ထိုအစီရင်ခံစာတွင် ပိတ်ဆို့မှုကြောင့် ကာတာနိုင်ငံသားများ ထိခိုက်ခံစားရမှုများ၊ နိုင်ငံတာအသိုင်းအ၀ိုင်းအ၀ိုင်း၏ ကြားနေလိုသည့်အမြင်များကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ကာတာမှာ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့က ပြီးခဲ့သည့်နွေရာသီတွင် ကာတာနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်းတွင် ရေလမ်း၊ ကုန်းလမ်းများပါ ပိတ်ဆို့ခဲ့သည်။
ကာတာကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
Ref: Aljazeera
Comments