6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၉၊ ၂၀၁၈
M-Media

– ဥရောပသမဂ္ဂက ပြည်သူ ၂.၇ သန်းရဲ့ အချက်အလက်တွေကို မလျော်ကန်စွာ မျှဝေပေးခဲ့တယ်လို့ Facebook က ဥရောပသမဂ္ဂကို သောကြာနေ့မှာ ၀န်ခံပြောကြားလိုက်ပါတယ်။

ဗြိတိန်က နိုင်ငံရေးအကြံပေးအဖွဲ့ Cambridge Analytica ဟာ Facebook အသုံးပြုသူတွေရဲ့ တစ်ဦးချင်းအလက်တွေကို ရယူအသုံးချခဲ့တယ်ဆိုတဲ့ ကိစ္စမှာ ဥရောပသား ဘယ်လောက်များများ ထိခိုက်ခဲ့သလဲဆိုတာကို ဥရောပသမဂ္ဂက ပြီးခဲ့တဲ့တစ်ပတ်မှာ Facebook ကို မေးမြန်းခဲ့တာပါ။

“ဥရောပသမဂ္ဂက ပြည်သူ ၂.၇ သန်းလောက်ရဲ့ အချက်အလက်တွေကို Cambridge Analytica ဆီ မလျော်ကန်စွာ ပေးအပ်ခဲ့တယ်ဆိုတာ Facebook က အတည်ပြုခဲ့ပါတယ်” လို့ ဥရောပသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ်ရှန် ၀ီဂန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဥရောပတရားရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဗီရာ ဂျူရိုဗာဟာ အခုတစ်ပတ်မှာ Facebook က တာဝန်ရှိသူ ရှာရိုင် ဆန်းဘာ့ဂ်နဲ့ တွေ့ဆုံဖို့ရှိနေပြီး Facebook အနေနဲ့ ဒီကိစ္စအတွက် ဖြေရှင်းရမယ့် ပထမဆုံး အဆင့်လည်း ဖြစ်ပါတယ်။

သူတို့ရဲ့ တာဝန်ပျက်ကွက်မှုကြောင့် ကမ္ဘာတစ်ဝှမ်းက ပြည်သူ ၈၇ သန်းလောက် ထိခိုက်ခဲ့တယ်လို့ Facebook အကြီးအကဲ မာ့ခ် ဇူကာဘတ်က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားတဲ့ ဒီကိစ္စအတွက် Facebook ဟာ တော်တော်လေးကို ဝေဖန်ခံနေရတာပါ။

ဥရောပသမဂ္ဂက အသုံးပြုသူတွေရဲ့အချက်အလက်တွေ ကာကွယ်ပေးရေး အစီအစဉ်အသစ်ကို လာမယ့်လမှာ စတင်အကောင်အထည်ဖော်ဖို့ ရှိနေပြီး ဒီအစီအစဉ်အရ ကုမ္ပဏီတွေဟာ အချက်အလက်ဆိုင်ရာ ချိုးဖောက်မှုတွေရှိလာရင် သူတို့ရဲ့ ကမ္ဘာတစ်ဝှမ်လုံးက ရရှိမယ့် အမြတ်ထဲက ၄ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

Ref: ArabNews

Tags:

Comments are closed.