6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၂၊ ၂၀၁၈
M-Media

တနင်္လာနေ့က ဘတ်စ်ကားတိမ်းမှောက်မှုမြင်ကွင်း

– ထိုင်းနိုင်ငံ တက်ခရိုင်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တနင်္လာနေ့က တိမ်းမှောက်မှုအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးသေဆုံးကာ ၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမား ၅၁ ဦးကို တင်ဆောင်လာတဲ့ အဲဒီဘတ်စ်ကားဟာ ဘန်ကောက်ကိုအလာမှာ လမ်းဘေးရေမြောင်းထဲ ထိုးကျတိမ်းမှောက်ခဲ့တာပါ။

ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားရေးဆိုင်ရာ တာဝန်ရှိသူ ဦးဆန်းမောင်ဦးက ဒဏ်ရာရရှိတဲ့သူတွေဟာ အသက်အန္တရာယ် စိုးရိမ်ရမှု မရှိဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ယာဉ်မတော်တဆဖြစ်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်တဲ့ Golden Royal Mandalay Overseas Employment Agency ကနေ ဘန်ကောက်က လျှစ်စစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖို့အတွက် စေလွှတ်ခဲ့တဲ့ အလုပ်သမား ၂၀၀ ထဲက ဖြစ်ပါတယ်။

ဘန်ကောက်က မြန်မာသံရုံးကတော့ အခင်းဖြစ်ရာနေရာကို တာဝန်ရှိသူ ၂ ဦး စေလွှတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘတ်စ်ကားအာမခံထားတဲ့ ကုမ္ပဏီက အခင်းဖြစ်ပွားစဉ် သေဆုံးသွားသူတွေရဲ့ မိသားစုတစ်စုစီကို ဘတ် ၇ သိန်း (မြန်မာငွေ သိန်း ၃၀ နီးပါး) နစ်နာကြေးပေးသွားဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဦးဆန်းမောင်ဦးက ဒီလိုအဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်အောင် အလုပ်သမားပို့တာတွေ ဆိုင်းငံ့ထားမှာဖြစ်ကြောင်း၊ မဲဆောက်ကနေ ဘန်ကောက်ကိုသွားတဲ့ ကားတွေဟာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ထားခြင်းမရှိကြောင်း၊ တက်ခရိုင်မှာ အခုတစ်လော အနည်းဆုံး မော်တော်ယာဉ်မတော်တဆမှု ၄ ခု ဖြစ်ပွားခဲ့ပြီး သင်္ကြန်အတွက် အိမ်ပြန်လာတဲ့ မြန်မာအလုပ်သမား ၁၄ ဦးဟာ တနင်္လာနေ့က ဗန်ကားတစ်စီး မီးလောင်မှုအတွင်း သီသီလေး လွတ်မြောက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့က တက်ခရိုင်မှာ ဘတ်စ်ကားတစ်စီး မီးလောင်မှုအတွင်း မြန်မာအလုပ်သမား ၂၀ သေဆုံးခဲ့ပါတယ်။

Ref: mmtimes

Comments are closed.