6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၁၊ ၂၀၁၈
M-Media

အခမ်းအနားတစ်ခုတွင် ဆုတက်ယူနေသည့် အလ်-ဘက်ရှ်

– မလေးရှားက ပါလက်စတိုင်းပညာရှင်တစ်ယောက်ဟာ ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံလိုက်ရပြီး မိသားစုကတော့ ဒါဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဖါဒီ အလ်-ဘက်ရှ်ဆိုသူဖြစ်ပြီး ကွာလာလမ်ပူမြို့ ဆတာပက်မြို့နယ်မှာရှိတဲ့ သူ့အိမ်ကနေ အာရုံတက်ဝတ်ပြုမှုအတွက် ဗလီကိုသွားနေတဲ့အချိန် လူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်ပါတယ်။

အလ်-ဘက်ရှ်ဟာ ဂါဇာအခြေစိုက် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူက ဒါဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သတ်ဖြတ်သူကို အမြန်ဆုံး ဖော်ထုတ်ဖို့လည်း မလေးရှားအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဟားမက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာဇင်မ် ကာဆင်က အလ်-ဘက်ရှ်ဟာ သူတို့အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဟားမက်စ်က Twitter ကနေထုတ်ပြန်တဲ့ကြေငြာချက်မှာ အလ်-ဘက်ရှ်ဟာ ဂါဇာကမ်းမြှောင် ဂျာဘာလီယာက လူငယ်ပညာရှင်တစ်ဦးဖြစ်ပြီး ဂါဇာက စွမ်းအင်ကဏ္ဍအတွက် ကူညီပေးနေတဲ့ ထူးချွန်တဲ့ သိပ္ပံပညာရှင်တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အလ်-ဘက်ရှ်ဟာ အာဇာနည်တစ်ယောက်ဖြစ်တယ်လို့လည်း ဟားမက်စ်က ကင်ပွန်းတပ်ခဲ့ပါတယ်။

မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ ဒါတွတ်ဆရီ မန်ဆူရ် လာဇင်က သေနတ်သမားနှစ်ဦးဟာ အလ်-ဘက်ရှ်ကို သူ့အိမ်အရှေ့မှာ မိနစ် ၂၀ လောက် စောင့်နေကြပြီး ခေါင်းနဲ့ ခန္ဓာကိုယ်ကို ၁၀ ချက်လောက်ပစ်ခဲ့ကြောင်း၊ အကြမ်းဖက်ဝါဒအပါအ၀င် ရှုထောင့်ပေါင်းစုံကနေ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ် အန်ဝါရ် အိက်ခ်ျ အလ်-အဂ်ဟာက အလ်-ဘက်ရှ်ဟာ ဗလီဝတ်ကျောင်းတော်က ဒုတိယရှေ့ဆောင်ဖြစ်ပြီး မလေးရှားမှာနေထိုင်နေတာ ၁၀ နှစ်လောက်ရှိပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အလ်-ဘက်ရှ်မှာ ဇနီးနဲ့ သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.