6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၃၊ ၂၀၁၈
M-Media

ဆုယူပြီးနောက် တွေ့ရသည့် ဆာလာဟ်

– ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ (PFA) က ရွေးချယ်တဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ရရှိသွားပါတယ်။

ပရီးမီးယားလိဂ် ကစားသမားတွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ဆာလာဟ်ဟာ ဒေးဗစ်ဆေးလ်ဗား၊ ကီဗင် ဒီဘရူနီ၊ ဒေးဗစ် ဒီဂီယာနဲ့ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး ရရှိသွားတာပါ။

“ကြီးကျယ်တဲ့ ဂုဏ်ပြုဆုပါ။ ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ာ အခုရာသီ ပရီးမီးယားလိဂ် ၃၄ ပွဲ ကစားပြီးချိန်မှာ ၃၁ ဂိုး သွင်းယူခဲ့ပြီး အလန်ရှီးယားရာ၊ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လူးဝစ်ဆွာရက်ဇ်တို့ တင်ထားတဲ့ တစ်ရာသီ သွင်းဂိုးအများဆုံးစံချိန်နဲ့ တူညီသွားပါတယ်။

ရာသီကန်ဖို့ ၄ ပွဲလိုသေးတာကြောင့် သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

ဆာလာဟ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ရိုးမားကနေ လီဗာပူးလ်ကို ကန်ဒေါ်လာ ၅၁ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး လီဗာပူးလ်က ၀ယ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ဖြစ်ခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ဟာ ချန်ပီယံ မန်စီးတီး၊ မန်ယူတို့ရဲ့နောက် တတိယနေရာမှာ ရှိနေပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။

ဆာလာဟ်ဟာ အခုနှစ်နှောင်းပိုင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲကို အီဂျစ်အသင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့လည်း ရှိနေပါတယ်။

PFA ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို မန်စီးတီးအသင်းက လီရွိုင်း ဆာနေးက ရရှိခဲ့ပြီး ချယ်ဆီးအမျိုးသမီးက ကီရ်ဘီကတော့ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ချယ်ဆီးက နောက်ထပ် အမျိုးသမီး အားကစားသမားတစ်ဦးဖြစ်တဲ့ လော်ရန် ဟမ့်ပ်ဟာ အကောင်းဆုံး အမျိုးသမီး လူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.