6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၃၊ ၂၀၁၈
M-Media

– ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၀ လောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့က ဟီဂျာဟ်ပြည်နယ် ဘနီ ကိုင်းစ်ခရိုင်က တိုက်ခိုက်မှုမှာ မင်္ဂလာပွဲတစ်ခုကို ထိမှန်ခဲ့ပြီး သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အနည်းဆုံး ၄၆ ဦးမှာ ၃၀ လောက်က ကလေးတွေဖြစ်ပါတယ်။

ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ သမ္မတ အဘ်-ရာဘူ မန်ဆူရီဟာဒီရဲ့ အစိုးရကို ဟူသီသူပုန်တွေက ဖြုတ်ချပြီးနောက် ယီမင်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ၂၀၁၅ ခုနှစ်မှာ ၀င်ပါခဲ့ပါတယ်။

ဟူသီတွေကို ပစ်မှတ်ထားတဲ့ မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်မှု တော်တော်များများဟာ အရပ်သားတွေကို ထိမှန်ခဲ့ပြီး ဆော်ဒီကတော့ သူတို့ဟာ အရပ်သားတွေကို ပစ်မှတ်ထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တုန်းက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ရှေးဟောင်း ဆိပ်ကမ်းမြို့ အလ်-မိုခါအနီးက ရွာတစ်ရွာကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ မင်္ဂလာဆောင်လာရောက်တဲ့ အရပ်သား ၁၃၁ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာလည်း ဆာနာဘန်းဆိုတဲ့ရွာက မင်္ဂလာပွဲတစ်ခုကို တိုက်ခိုက်မှုအတွင်း ၄၃ ဦး သေဆုံးခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.