6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၉၊ ၂၀၁၈
M-Media

– ချီလီမှာ ခရစ်ယာန်ကက်သလစ်ဘုန်းတော်ကြီးတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေ ရှိခဲ့တယ်ဆိုတဲ့သတင်း ပေါက်ကြားလာခဲ့ပြီးတဲ့နောက် ချီလီနိုင်ငံက ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးအားလုံးဟာ သူတို့ကို နှုတ်ထွက်ခွင့်ပြုဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို တောင်းဆိုလိုက်ပါတယ်။

လက်ရှိ တာဝန်ထမ်းဆေင်နေတဲ့ ချီလီ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၃၁ ပါးနဲ့ ရာထူးက အငြိမ်းစားယူသွားတဲ့ ဘုန်းကြီး ၃ ပါးတို့ဟာ မနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အခုလို ထုတ်ပြန်ကြေငြာခဲ့တာပါ။

ချီလီကက်သလစ်အသင်းတော်က ဘုန်းကြီးတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပြီး ဂိုဏ်းအုပ်တွေကလည်း သက်သေအထောက်အထားတွေ ဖျက်ဆီးတာ၊ အသံမထွက်ဖို့အတွက် ကျူးလွန်ခံရသူတွေကို ဖိအားပေးတာမျိုးနဲ့ ဒီကိစ္စကို ဖုံးကွယ်ပေးခဲ့ကြောင်း ဖော်ပြထားတဲ့ ဗာတီကန်က အစီရင်ခံစာတစ်ခု မနေ့မှာ ပေါက်ကြားခဲ့ပြီးတဲ့နောက် ဒီလိုအခြေအနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

စာမျက်နှာ ၂၃၀၀ ပါဝင်တဲ့ အဲဒီအစီရင်ခံစာကြောင့် ချီလီဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေ နှုတ်ထွက်ပေးဖို့ ပြည်သူလူထုရဲ့တောင်းဆိုမှုတွေ မြင့်တက်လာပြီး၊ ပုပ်ရဟန်းမင်းကြီးကလည်း ချီလီက ကက်သလစ်ဂိုဏ်းအုပ်တွေကို ရောမလာဖို့ ဆင့်ခေါ်ခဲ့ပါတယ်။

ချီလီဟာ လက်တင်အမေရိကမှာ ခရစ်ယာန်ကက်သလစ်အသင်းတော် ကြီးစိုးတဲ့နိုင်ငံဖြစ်ပြီး၊ တစ်နိုင်ငံလုံးက ဂိုဏ်းအုပ်တွေအားလုံး နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုတာဟာ ကက်သလစ်အသင်တော်သမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

သူတို့ရဲ့ တောင်းဆိုမှုကို လက်ခံမလား၊ ဒါမှမဟုတ် ပယ်ချမလား၊ ဆိုင်းငံ့ထားမလားဆိုတာကတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အပေါ် မူတည်နေပါတယ်။

ဗာတီကန်က အစီရင်ခံစာမှာ ဘုန်းကြီးတွေရဲ့ လိင်စော်ကားမှုတွေကို ကိုင်တွယ်ရာမှာ ချို့ယွင်းမှု၊ ကက်သလစ်အသင်းတော် သိက္ခာကျမှုတွေအတွက် ချီလီကက်သလစ်အာဏာပိုင်အဖွဲ့တစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

အဲဒီအစီရင်ခံစာကို ချီလီရုပ်သံလိုင်း Chilean T13 ဖော်ပြခဲ့တာဖြစ်ပြီး ဗာတီကန်ကလည်း ဒီအစီရင်ခံစာဟာ မှန်ကန်ကြောင်း မနေ့မှာ အတည်ပြုခဲ့ပါတယ်။

ချီလီ ကက်သလစ်အသင်းတော်ကတော့ ကျူးလွန်ခံရသူတွေအနေနဲ့ သူတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပြီး အသင်းတော်ရဲ့ပုံရိပ်ကို ပြန်လည်ပြုပြင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.