မေ ၂၀၊ ၂၀၁၈
M-Media
– ဘင်္ဂလားဒေ့ရှ်ဟာ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆာင်နေပြီး စစ်ဆင်ရေးတွေအတွင်း မူးယစ်မှောင်ခိုသမား အနည်းဆုံး ၁၃ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က စီးနင်းမှုအတွင်း မှောင်ခိုသမား ၉ ဦး သေဆုံးခဲ့ပြီး၊ ဒီနေ့မနက်ပိုင်း စစ်ဆင်ရေးမှာတော့ နောက်ထပ် ၄ ဦး သေဆုံးခဲ့ပါတယ်။
မေလအစောပိုင်းကတည်းက စတင်ခဲ့တဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း မူးယစ်မှောင်ခိုသမား၊ ဒါမှမဟုတ် သုံးစွဲသူလို့ ယူဆရသူ ၂၃၀၀ ၀န်းကျင်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း စစ်ဆင်ရေးကို ကိုင်တွယ်နေတဲ့ Rapid Action Battalion တပ်ဖွဲ့က ပြောပါတယ်။ ကန်ဒေါ်လာ ၂.၅ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
မူးယစ်မှောင်ခိုသမားတွေအနေနဲ့ အဖမ်းခံကြဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဒီလိုမှမဟုတ်ရင် ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးထားတာပါ။
ယာဘလို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေ မြန်မာနိုင်ငံဖက်က အမြောက်အမျာတင်သွင်းမှုကို ဘင်္ဂလားဒေ့ရှ်က ရင်ဆိုင်နေရပြီး၊ မြန်မာစစ်တပ်ကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခတွေက ယူဆောင်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ မူးယစ်နှိမ်နှင်းမှုမှာ ဝေဖန်မှုတွေ ရှိနေပြီး တပ်ဖွဲ့တွေဟာ တရားလက်လွတ် သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေက ပြောကြားခဲ့ပါတယ်။
Ref: CNA