6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၇၊ ၂၀၁၈
M-Media

– ပိတ်ဆို့မှုတွေ ခံထားရပေမယ့် မြောက်ကိုရီးယားဟာ မိုက်ခရိုဆော့ဖ်၊ Samsung နဲ့ Apple တို့က နည်းပညာတွေကို အသုံးပြုကာ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆာင်ခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်မှုအဖွဲ့ Recorded Future က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၇ ခုနှစ် WannaCry တိုက်ခိုက်မှု၊ ၂၀၁၄ ခုနှစ် Sony တိုက်ခိုက်မှုတွေလို ထိခိုက်ဆုံးရှုံးမှုတွေ များပြားခဲ့တဲ့ အဓိကဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

Recorded Future ရဲ့ မဟာဗျူဟာခြိမ်းခြောက်မှုဆိုင်ရာ ဒါရိုက်တာ ပရီစီလီယာ မိုရီယူချီက မြောက်ကိုရီးယား ကွန်ပျူတာကွန်ယက်မှာ အမေရိကန်ဆော့ဖ်ဝဲတွေ တော်တော်များများရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆယ်စုနှစ်ချီတဲ့ ပိတ်ဆို့မှုရှိနေပေမယ့် မြောက်ကိုရီးယား ဟက်ကာတွေဟာ ယိုပေါက်တွေ၊ အဆက်အသွယ်တွေကနေတစ်ဆင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နည်းပညာတွေကို ရယူခဲ့ကြတာ ဖြစ်လို့လည်း သူမက ဆိုပါတယ်။

မြောက်ကိုရီးယားတွေဟာ လိပ်စာအတုတွေ၊ နာမည်အတုတွေကို အသုံးပြုကာ ပိတ်ဆို့မှုတွေကို ကျော်လွှားကြကြောင်း၊ Glocom လို့ခေါ်တဲ့ ရေနံကုမ္ပဏီဟာ တစ်ဆင့်ပြန်ရောင်းသူတွေထံကနေ အမေရိကန်ပစ္စည်းတွေ ၀ယ်ယူဖို့အတွက် အာရှက ကုမ္ပဏီတုကွန်ယက်တစ်ခုကို အသုံးပြုခဲ့ကာ တစ်ကြိမ်မှာဆိုရင် ငွေပေးချေမှုကို အမေရိကန်ဘဏ်အကောင့်နဲ့ ဆောင်ရွက်ခဲ့ကြောင်း အဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ ကွန်ပျူတာကွန်ယက်မှာ အသုံးပြုနေတဲ့ နည်းပညာဆိုင်ရာ hardware၊ software တွေမှာ Apple ရဲ့ iPhoneX နဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Windows 10၊ ဆမ်ဆောင်းရဲ့ Galaxy S7၊ Galaxy S8 Plus တို့တောင် ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ထပ်ယိုပေါက်တစ်ခုက ပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝှမ်း တူညီတဲ့စံနှုန်း မရှိတာဖြစ်တယ်လို့ Recorded Future အဖွဲ့က ထောက်ပြပါတယ်။ ဥပမာအားဖြင့် ပိတ်ဆို့မှုမှာပါဝင်တဲ့ ဇိမ်ခံပစ္စည်းသတ်မှတ်ချက်လိုမျိုး ဖြစ်ပါတယ်။

မိုရီယူချီက ဥရောပမှာ ယူရို ၅၀ အထက် ပစ္စည်းတွေကို ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်ထားပေမယ့် တရုတ်နိုင်ငံမှာ ဒီလိုသတ်မှတ်ချက်မျိုး မရှိဘဲ သတ်မှတ်ချင်သလို သတ်မှတ်ကြတယ်လို့လည်း ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း မြောက်ကိုရီးယားဟာ အမေရိကန်က ကွန်ပျူနဲ့ ဖုန်းတော်တော်များများကို တရားဝင် ၀ယ်ယူခဲ့ပေမယ့် အများစုဟာ ဒိတ်အောက်နေတာတွေ ဖြစ်ပါတယ်။

Ref : CNET

Comments are closed.