6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၁၊ ၂၀၁၈
M-Media

အစ္စရေးဝန်ကြီးချုပ်နှင့် ဇနီး

– အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ဇနီး ဆာရာကို နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ အစ္စရေး တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်ရုံးညွှန်ကြားရေးမှူးဟောင်းဖြစ်သူ အဇ်ရာ ဆာအီဒေါ့ဖ်နဲ့အတူ တရားစွဲဆိုခံလိုက်ရတာ ဖြစ်ပါတယ်။

သံသယဖြစ်မှုတွေထဲမှာ ဂျေရုစလင်က ၀န်ကြီးချုပ်ရဲ့နေအိမ်ကို ပြင်ဆင်မှုမှာ ကန်ဒေါ်လာ တစ်သိန်းလောက် အလွဲသုံးစားလုပ်ခဲ့မှုလည်း ပါဝင်တယ်လို့ တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆာရာ နေတန်ယာမှုဟာ နိုင့်ထက်စီးနင်းလုပ်တဲ့ အပြုအမူတွေ အများအမြင်မှာ လိုအပ်တာထက်ပိုပြီး ဖြုန်းတီးတဲ့ လုပ်ရပ်တွေကြောင့် ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟု ကိုယ်တိုင်လည်း ခြစားမှုသံသယနဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပါတယ်။ နေတန်ယာဟုကတော့ စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မီဒီယာက သူနဲ့ သူ့ဇနီးတို့ကို နာမည်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref: Aljazeera

Tags:

Comments are closed.