6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၄၊ ၂၀၁၈
M-Media

– အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံက အမျိုးသမီးတွေဟာ ဒီကနေ့မှာ ပထမဆုံးအကြိမ် ကားမောင်းခွင့်ရခဲ့ပါတယ်။

“အခုဆိုရင် အမျိုးသမီးတွေဟာ နိုင်ငံတစ်ဝှမ်းမှာ ကားမောင်းခွင့် ရရှိသွားပါပြီ” လို့ မော်တော်ယာဉ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကာနယ် ဆာမီ ဘင် မိုဟာမက်ရဲ့ ပြောကြားမှုကို နိုင်ငံပိုင် Al-Ekhbariya က ကိုးကားဖော်ပြခဲ့ပါတယ်။

ဆော်ဒီဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအပေါ် ကန့်သတ်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး၊ အရင်က အမျိုးသမီးသမီးတွေကို ကားမောင်းခွင့်မပြုတဲ့ ကမ္ဘာ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အိမ်ရှေ့အရာ ရရှိပြီးနောက်ပိုင်း နိုင်ငံအတွင်း ပြုလုပ်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးတွေအတွက် ကားမောင်းသင်တန်းတွေဖွင့်လှစ်တာ၊ လိုင်စင်ထုတ်ပေးတာတွေကို ဆော်ဒီအစိုးရက စီစဉ်ပေးခဲ့ပါတယ်။

ကြာသာပတေးနေ့က ‘ဘုရားသခင်အပေါ်ယုံကြည်ပြီး ကားမောင်းပါ’ ဆိုတဲ့ ၃ ရက်တာ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပြီး အမျိုးသမီးတွေကို ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အမျိုးသမီးတွေ ကားမောင်းခွင့် ပိတ်ပင်ထားတာကို ဒီလို ဖြေလျော့လိုက်မှုအပေါ် တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ပေမယ့် အတားအဆီး အဟန့်အတားတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

လိုင်စင်အတွက် ကားမောင်းသင်တန်းတက်ရင် သင်တန်ကြေးဟာ အမျိုးသားတွေထက် ၆ ဆလောက် များနေတာ၊ အမျိုးသမီးတွေအတွက် ယာဉ်မောင်းသင်တန်းကျောင်းတွေ များများစားစား မရှိသေးတာတွေကို သူတို့က ထောက်ပြခဲ့ကြပါတယ်။

ဆော်ဒီအမျိုးသမီးတွေဟာ သူ့တို့ရဲ့ ပထမဆုံး ကားမောင်းရမှုအတွေ့အကြုံကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေခဲ့ကြပါတယ်။

Ref: Aljazeera

Comments are closed.