ဇူလိုင် ၃၊ ၂၀၁၈
M-Media
– ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြောကြားမှုကို ကိုးကားပြီး မလေးရှား ပြည်တွင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေကြေးတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးခံနေရတဲ့ နာဂျစ်ဟာ ပြီးခဲ့တဲ့လမှာ MACC ရုံးချုပ်ကို သွားရောက်ပြီး ထွက်ချက်ပေးခဲ့ပါသေးတယ်။
နာဂျစ် နေထိုင်ရာအိမ်အပါအ၀င် သူနဲ့ဆက်စပ်တဲ့ အဆောက်အဦး ၅ ခုကို စီးနင်းရှာဖွေမှုအတွင်း ငွေသား၊ လက်ကိုင်အိတ်၊ နာရီ၊ ကျောက်မြတ်ရတနာတွေ၊ တန်ဖိုးကြီးပစ္စည်းတွေ စုစုပေါင်း ရင်းဂစ် ၁ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထုတ်ပြန်ပါတယ်။
Ref: Malay Mail
Comments