6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၄၊ ၂၀၁၈
M-Media

– လာမယ့်နှစ်မှာ နိုင်ငံတစ်ဝှမ်းက ကျောင်းသားပေါင်း ၁ သိန်းလောက်ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ အင်တာနက်လုံခြုံရေးဆိုင်ရာ သင်တန်းတွေပေးသွားဖို့ စီစဉ်နေတယ်လို့ Telenor အကြီးအကဲ Hans Martin Hoegh Henrichsen က ပြောပါတယ်။

စနေနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တယ်လီနောမြန်မာနဲ့ နွေရာသီ နည်းပညာနဲ့ အင်တာနက်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“နောက်နှစ်မှာ ဒီသင်တန်းကို တိုးချဲ့သွားဖို့ စီစဉ်နေပြီး ကျောင်းသား ၁ သိန်းလောက်ကို လေ့ကျင့်ပေးဖို့ မျှော်မှန်းထားပါတယ်”

တယ်လီနောဟာ မြန်မာနိုင်ငံတစ်ဝှမ်းက အလယ်တန်းနဲ့ အထက်တန်းကျောင်း ၂၅၀၀ လောက်မှာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ သင်တန်းတွေကို သင်ကြားပေးနေပါတယ်။

Martin က ဒီလိုသင်ကြားပေးတာဟာ လူငယ်တွေမှာ နည်းပညာဗဟုသုတ တိုးလာဖို့နဲ့ မြို့ပြနဲ့ ကျေးလက်အကြား နည်းပညာတတ်ကျွမ်းမှု ကွာဟချက်ကို လျှော့ခဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီး ဦးမျိုးသိန်းကြီးက ဒီစီမံကိန်းမှာ တယ်လီနောမြန်မာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“နည်းပညာကို တလွဲအသုံးချနိုင်ပါတယ်။ လွဲမှားတဲ့နည်းလမ်းနဲ့ အသုံးချနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအစီအစဉ်ဟာ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပါ”

တယ်လီနောရဲ့ ဒီအစီအစဉ်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က ကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်ပြီး ဆရာတွေကိုလည်း အထောက်အကူဖြစ်စေမယ်လို့ ၀န်ကြီးက ပြောပါတယ်။

တယ်လီနောဟာ KMD နဲ့ ပူးပေါင်းကာ ဒီလို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Ref: mmtimes

Tags:

Comments are closed.