6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၉၊ ၂၀၁၈
M-Media

အစွန်းရောက်ဘုန်းကြီး Galagoda Aththe Gnanasara

– မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို မုန်းတီးရေး၊ အကြမ်းဖက်ရေး လှုံ့ဆော်တဲ့ အစွန်းရောက်ဘုန်းကြီးကို တရားရုံးမထိလေးစားမှုနဲ့ သီရိလင်္ကာက မနေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့ Bodu Bala Sena (BBS) ရဲ့ ခေါင်းဆောင် Galagoda Aththe Gnanasara ဆိုသူဖြစ်ပြီး ၂၀၁၆ ခုနှစ် ဂျာနယ်လစ် Eknaligoda ကို စစ်ထောက်လှမ်းရေးတွေက ပြန်ပေးဆွဲတဲ့ကိစ္စအတွက် တရားရုံးရဲ့ ကြားနာမှုကို နှောက်ယှက်ဟန့်တားခဲ့တာ ဖြစ်ပါတယ်။

Gnanasara ဟာ ဖမ်းဆီးထားတဲ့ စစ်ထောက်လှမ်းရေးတွေကို အာမခံမပေးတဲ့အတွက် တရားရုံးကို အော်ဟစ်ပြင်တင်ခဲ့ပြီး Eknaligoda ရဲ့ ဇနီးကိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

“တရားခံဟာ တရားရေးကို ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဘာမှ သံသယဖြစ်စရာမရှိဘဲနဲ့ စွဲချက်အားလုံးအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်” လို့ မနေ့က အမိန့်ချမှတ်မှုမှာ အယူခံတရားရုံးအကြီးအကဲ Preethi Padman Surasena က ပြောကြားခဲ့ပါတယ်။

Galagoda Aththe Gnanasara ဟာ နိုင်ငံအတွင်းက လူနည်းစု ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်လို့ ပြည်တွင်း၊ ပြည်ပ လေ့လာဆန်းစစ်သူတွေက စွပ်စွဲပြောကြားထားပြီး သူကတော့ ဒီစွဲချက်တွေကို ငြင်းဆိုပါတယ်။

တရားရုံး မထီမဲ့မြင်ပြုတဲ့ စွဲချက် ၄ ခုစလုံးအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ရတာဖြစ်ပြီး စွဲချက်နှစ်ခုအတွက် ထောင်ဒဏ် ၄ နှစ်၊ တတိယစွဲချက်အတွက် ထောင်ဒဏ် ၆ နှစ်၊ စတုတ္ထစွဲချက်အတွက် ထောင်ဒဏ် ၅ နှစ် တစ်ပေါင်းတည်းကျခံဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

BBS အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီပြစ်ဒဏ်အတွက် အယူခံဝင်သွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နေမကောင်းဘူးလို့ဆိုကာ လက်ရှိမှာ ဆေးရုံတက်နေတဲ့ Galagoda Aththe Gnanasara ဟာ ဂျာနယ်လစ် Eknaligoda ရဲ့ ဇနီးကို ခြိမ်းခြောက်မှုအတွက် ဇွန်လ ၁၄ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ကျခံဖို့၊ ဒဏ်ငွေ ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၉.၃၉ ဒေါ်လာ)၊ နစ်နာကြေး ရူပီး ၅ သောင်း (ကန်ဒေါ်လာ ၃၁၃ ဒေါ်လာ) ပေးဆောင်ဖို့ အမိန့်ချမှတ်ခံထားရပါတယ်။

Galagoda Aththe Gnanasara ဟာ မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အစွန်းရောက်ဘုန်းကြီး ဦးဝီရသူနဲ့ ၂၀၁၄ ခုနှစ်မှာ စာချုပ်တစ်ခုကို ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Ref: CNA

Comments are closed.