6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၉၊ ၂၀၁၈
M-Media

ထိုင်းနိုင်ငံမှ နာမည်ကြီးဇိမ်ခံဘုန်းကြီး Wirapol Sukphol

– တန်ဖိုးကြီးအစီးအနင်းတွေ၊ ပစ္စည်းတွေကို အသုံးပြုကာ ဇိမ်ခံနေထိုင်မှုကြောင့် ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ ဘုန်းကြီးတစ်ပါးကို လိမ်လည်မှု၊ ငွေကြေးခ၀ါချမှု၊ ဆိုက်ဘာရာဇ၀တ်မှုတွေနဲ့ ထိုင်းနိုင်ငံက ဒီကနေ့မှာ ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်လိုက်ပါတယ်။

Wirapol Sukphol ဆိုသူဖြစ်ပြီး ၂၀၁၃ ခုနှစ်က ကိုယ်ပိုင်လေယာဉ်ပေါ်မှာ တန်ဖိုးကြီး ပိုက်ဆံအိတ်ကို ကိုင်ဆောင်ကာ တန်ဖိုးကြီး နေကာမျက်မှန်တပ်ပြီး ငွေသားအထပ်လိုက် ကိုင်ထားတဲ့ ဗီဒီယိုတစ်ခုကို YouTube စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် လူသိများလာတာ ဖြစ်ပါတယ်။

သူဟာ လိမ်လည်မှု၊ ငွေကြေးခ၀ါချမှုတွေ၊ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေနဲ့ လိင်ဆက်ဆံမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာကြောင့် သာသနာ့ဘောင်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

အဲဒီနောက် Wirapol Sukphol ဟာ အမေရိကန်နိုင်ငံကို ထွက်ပြေးသွားခဲ့ပြီး ထိုင်းနိုင်ငံရဲ့တောင်းဆိုမှုကြောင့် အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးကာ ၂၀၁၇ ခုနှစ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။

ဘန်ကောက်က ရာဇ၀တ်မှုဆိုင်ရာတရားရုံးက ဒီကနေ့မှာ သူ့ကို ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်ခဲ့ပေမယ့် ထိုင်းဥပဒေအရ ရာဇ၀မှုတစ်ခုတည်းအတွက် စွဲချက်အများအပြားနဲ့ ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ သာ ကျခံရမှာ ဖြစ်ပါတယ်။

“အထူးစွမ်းအားတွေ ရှိတယ်လို့ပြောပြီး လူတွေဆီကနေ ငွေကြေးတွေ လိမ်လည်ခဲ့ကာ ဇိမ်ခံကားအများအပြားကို ၀ယ်ယူခဲ့တာကြောင့် ဒါဟာ ငွေကြေးခ၀ါချမှုအဖြစ် မှတ်ယူပါတယ်” လို့ ထိုင်းတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Wirapol Sukphol ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ပြန်ပေးဆွဲမှုတွေနဲ့လည်း တရားစွဲဆိုခံထားရပြီး လာမယ့်အောက်တိုဘာလမှာ အမိန့်ချမှတ်ခံရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်းနိုင်ငံက သံဃာအသိုင်းအ၀ိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ အကျင့်ပျက်မှုတွေမှာ Wirapol Sukphol ရဲ့ကိစ္စဟာ အာရုံစိုက်ခံရဆုံး ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရဟာ အာဏာသိမ်းပြီးနောက်ပိုင်း အကျင့်ပျက်မှုတွေရှိနေတဲ့ ဘုန်းကြီးတွေကို ဖမ်းဆီးတာ၊ သံဃမဟာနာယကကောင်စီရဲ့ သြဇာကိုလျှော့ချတဲ့ဥပဒေ ပြဌာန်းတာတွေနဲ့ သာသနာသန့်ရှင်ရေးကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

Ref: CNA

Tags:

Comments are closed.